အန္တရာယ်ဖြစ်စေတဲ့ ဒီ ညအိပ်ချိန်အလေ့အကျင့် (၁၂) ခုကို ရှောင်ကြဉ်ရအောင်

12-dangerous-bedtime-habits-that-you-should-always-avoid.jpg

သင်ရဲ့အိပ်စက်ပုံ အိပ်စက်နည်းတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး တစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေတဲ့ အိပ်စက်မှုအလေ့အကျင့်တချို့ရှိပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တာမျိုး ခံစားရတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အိပ်စက်မှုအလေ့အကျင့် (၁၂) ခု ရှိပါတယ်။

၁။ အိပ်ယာပေါ် စာအုပ်ယူဆောင်ခြင်း ရှောင်ပါ။ ညမအိပ်မီ စာအုပ်ဖတ်တာ သဘောကျပါက ကျေနပ်လောက်အောင်ဖတ်ပြီး စာအုပ်ချပြီးမှ အိပ်ယာဝင်ပါ။

၂။ ညအိပ်ယာမဝင်မီ ရေသောက်ခြင်း ရှောင်ပါ။ ရေများများသောက်တာ ညအိမ်သာမကြာခဏ ပြေးစေပါလိမ့်မယ်။

၃။ မီးအိမ် မှိန်မှိန်လေးနဲ့ နိုးစက် အသုံးပြုပါ။ လင်းလွန်းတဲ့ မီးလုံးတွေက ကောင်းစွာ အနားယူအိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

၎။ အိပ်နေစဉ် အီလက်ထရောနစ်ပစ္စည်းတွေ မိမိနဲ့ ဝေးဝေးနေရာမှာ အမြဲထားပါ။ ဦးနှောက်ကို ကောင်းစွာ အနားမယူအောင် အနှောင့်အယှက်ပေးနိုင်ပါတယ်။

၅။ နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ညကောင်းမွန်စွာ အိပ်ပျော်စေပြီး အားအင်တွေ ရရှိစေပါလိမ့်မယ်။

၆။ ညနေစာကို ညမအိပ်ခင် အနည်းဆုံး ၂ နာရီကြို စားပါ။ ဗိုက်တင်းတင်းနဲ့ အိပ်ယာဝင်ခြင်းမျိုး ရှောင်ပါ။

၇။ ကဖိန်းဓာတ်တွေက ဇီဝဖြစ်စဉ် ပိုမိုအားကောင်းစေတာကြောင့် ကော်ဖီကို အိပ်ချိန်မတိုင်မီ ၄ နာရီခြား သောက်ပေးပါ။

၈။ အေးစက်နေတဲ့ ခြေထောက်တွေက အိပ်မရ ဖြစ်စေတာကြောင့် ညမအိပ်မီ ခြေထောက်တွေ အမြဲ နွေးထွေးစေပါ။

၉။ အကောင်းစားဖျာတွေ အသုံးပြုပါ။ ကောင်းကောင်းမွန်မွန်အိပ်ပျော်စေပြီး ကျန်းမာရေး အထောက်အကူဖြစ်စေပါလိမ့်မယ်။

၁၀။ ပက်လက်အနေအထားထက် ဘေးတစောင်းအိပ်ကြည့်ပါ။ ဘေးတစ်စောင်းအိပ်တာက အကောင်းဆုံးအိပ်စက်မှုအနေအထားဖြစ်ပါတယ်။

၁၁။ အကျိုးရှိတဲ့ အိပ်ယာဝင်ချိန်အလေ့အကျင့်တစ်ခု ထူထောင်ပါ။ ဥပမာ – အိပ်ယာမဝင်မီ အိမ်သာတက်ခြင်း၊ မျက်နှာသစ်ခြင်း နဲ့ သွားတိုက်ခြင်းတို့က အကောင်းဆုံး အိပ်ယာဝင်ချိန် ပုံမှန်အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

၁၂။ အချိန်ကြာကြာ နေခင်းတစ်မှေးအိပ်ခြင်း ရှောင်ပါ။ နေ့စဉ်ပုံမှန်အိပ်နေကျအချိန်တစ်ခု စီစဉ်ထားရှိပါ။ 

Ref: TNH

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.