မိမိဧည့်ခန်းဆိုဖာတွေ သန့်ရှင်းသွားစေမယ့် နည်းလမ်းများ

living-room-sofas-pictures.jpg

ဆိုဖာထိုင်ခုံနဲ့ ကုလားထိုင်တွေဟာ အပေါ်ယံစွန်းထင်းမှု၊ ဖုန်နဲ့ အညစ်အကြေးတွေဒဏ် မခံနိုင်ရုံသာမက ဖိုင်ဘာထဲကိုလည်း အညစ်အကြေးတွေ ၀င်နိုင်ပါသေးတယ်။ ဖုန်စတဲ့ အညစ်အကြေးတွေ မျက်စိနဲ့ မမြင်ရပေမယ့် ဆိုဖာပေါ်မှာ ရှိနေတာပါ။ ဒါ့ကြောင့် သန့်ရှင်းပြီး ရောဂါတွေမဖြစ်စေဖို့ရန်အတွက် ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ သိပ်ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ 

ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေ သန့်ရှင်းရေးလုပ်တာ သိပ္ပံပညာရပ်တစ်ခုတော့ မဟုတ်ပါဘူး။ သင့်တော်တဲ့ ပစ္စည်းတစ်ခု မရွေးခင် တချို့နည်းတွေ စမ်းလုပ်ကြည့်ပါ။ သန့်ရှင်းရေးပစ္စည်းတွေ မသုံးမီ ဆိုဖာ (သို့) ကုလားထိုင်တွေ အညစ်အကြေး ကင်းစင်အောင် တတ်နိုင်သလောက် ဖုန်အရင် စုပ်ပေးပါ။ ပစ္စည်းမပျက်စီးစေမယ့် မှန်ကန်တဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုပါ။ Brush အပျော့စားလိုဟာမျိုးက အသင့်တော်ဆုံး ဖြစ်ပါတယ်။

အစက်အပြောက်တွေ ရှင်းလင်းခြင်း

ကလေးအညစ်အကြေးသန့် အဝတ်စ၊ စက္ကူစ သို့မဟုတ် ရှာလကာရည်လောင်းထားတဲ့ အဝတ်စနူးနူးညံ့ညံ့လေးအသုံးပြုပြီး အစွန်းထင်းဖြစ်တဲ့ နေရာတွေမှာ လောင်းထည့်ပြီး ညင်သာစွာ သုတ်ပေးရပါမယ်။ သန့်ရှင်းရေးပစ္စည်းတွေကို သိပ်မပေါ်လွင်တဲ့နေရာမှာ အရင်စမ်းသပ်ဖို့ မမေ့ပါနဲ့။

တစ်ခုလုံး သန့်ရှင်းပေးခြင်း

ဆပ်ပြာရေ (သို့) နူးညံ့တဲ့အဝတ်စ သုံးပြီး ဆိုဖာကို ဆေးရည် ဖြေးညင်းစွာ သုတ်ပေးပါ။ အပေါ်ယံအလွှာအောက်ထိ စိမ့်ပြီး အထဲက အညစ်အကြေးတွေ ရှင်းလင်းပါ။ ရေအနည်းငယ်သာသုံးပြီး ခုံတွေ မစိုရွဲစေပါနဲ့။

အခြောက်ခံခြင်း

ဆိုဖာအမြန်ခြောက်အောင် တချို့တွေ hairdryer အသုံးပြုကြပေမယ့် အချိန်ရပါက သဘာဝအတိုင်းခြောက်စေတာ အမြဲ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ပိုခြောက်မြန်အောင်လို့ ပြတင်းပေါက်တွေဖွင့်ပြီး လေဝင်လေထွက်ရအောင်လုပ်ပါ။ 

Ref: standardmedia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.