ခြင်ကိုက်လို့ ယားယံတဲ့အခါ မကုတ်မိဖို့ အရေးကြီး

140609-anopheles-gambiae-mosquito-1806_a7f26fc758bc9b748edaae69ffeddfb7.nbcnews-fp-1240-520.jpg

ခြင်ကိုက်လို့ မကုတ်ဘဲ မနေနိုင်ပါက ယားယံမှု ပြေပျောက်စေမယ့် အထိရောက်ဆုံးနည်းက antihistamines ဓာတ်မတည့်ရောဂါ ကုဆေးဖြစ်တယ်လို့ သိပ္ပံနည်းကျအထောက်အထားအရ သိရပါတယ်။ ခြင်မတစ်ကောင် လာကိုက်တဲ့အခါ သွားရည်ကို အရေပြားအောက်မှာ ချန်ရစ်ခဲ့ပါတယ်။ အဲဒီသွားရည်ထဲမှာ သွေးကို ပိုမိုလွယ်ကူစွာ ခဲသွားစေတဲ့ anticoagulants ပါဝင်တယ်လို့ ဆိုပါတယ်။  

အဲဒီခြင်ရဲ့ ခပ်ညိုညိုနှုတ်သီး သွေးကြောထဲ ထိုးစိုက်တာ မြင်တွေ့နိုင်ပါတယ်။ ညာဘက်ကို လျှိုသွင်းပြီး စတင်စုပ်ယူကာ သွေးကြောကျုံ့သွားစေပါတယ်။ ခြင်ရဲ့ သွားရည်က ကိုယ်ခံအားကို ဓာတ်မတည့်မှုဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ နာကျင်ကိုက်ခဲပြီး ရောင်ရမ်းမှုဖြစ်ပေါ်စေတယ်လို့ Americann Academy of Allergy, Asthma & Immunology ကနေဆင့် သိရပါတယ်။

ခြင်ကိုက်ခံလိုက်ရပြီဆိုတာနဲ့ အသားကို အတင်း ကုတ်နေတာမျိုး မလုပ်သင့်ပါဘူး။ ကုတ်တာက ရေပြားပေါက်ပြဲစေပြီး ဘက်တီးရီးယားတွေ ဝင်ရောက်ကာ ရောဂါကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

အရမ်း ယားနေပါက ဓာတ်မတည့်ရောဂါ လိမ်းခရင်မ် (သို့) ဂျယ်လ် (antihistamine cream or gel) လိမ်းပါ။ ဒါမှမဟုတ် ဓာတ်မတည့်ရောဂါကုဆေးလုံးတွေ သောက်ပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှ အကြံပြုထားပါတယ်။ ယင်း ခရင်မ်နဲ့ ဆေးလုံး နှစ်မျိုးစလုံးကို အလွယ်တကူ ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ 

Source: BusinessInsider 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.