အိမ်နဲ့ အလုပ်ခွင် သွားရင်းလာရင်း လေ့ကျင့်ခန်း လုပ်နိုင်မယ့် ဘတ်စ်ကားလိုင်းပြေးဆွဲရန် ဗြိတိန်နိုင်ငံမှာ စီစဉ်နေ

103642451-external-bus-2.600x400.jpg

အိမ်နဲ့ လုပ်ငန်းခွင် အသွားအပြန်လုပ်ရင်း ဘတ်စ်ကားပေါ် ထည့်သွင်းတပ်ဆင်ထားတဲ့ အထိုင်စက်ဘီး စီးလို့ရနေချိန်မှာ ယာဉ်ကြောပိတ်ဆို့မှု ခက်ခက်ခဲခဲရင်ဆိုင်ပြီး လမ်းမပေါ်ရှိ ကျင်း၊ ချိုင့်တွေ တိမ်းရှောင်ရင်း ဘာကြောင့် စက်ဘီးစီး အလုပ်သွားကြတော့မှာလဲ။ ဒါ British Fitness ကုမ္ပဏီ 1Rebel မှ ဘတ်စ်ကားကို ရွေ့လျားအားကစားရုံအဖြစ် အသွင်ပြောင်းလဲခြင်းဖြင့် အဖြေပေးရန် ကြံရွယ်နေတဲ့ မေးခွန်းလေး ဖြစ်ပါတယ်။

လေ့ကျင့်ခန်း လုပ်ချင်ပေမယ့် အချိန်မပေးနိုင်သူတွေအတွက် အချိန်အများဆုံးရရှိစေပြီး အလုပ်သွားရင်း အချိန်ကို အသုံးချမှာ ဖြစ်တယ်လို့ 1Rebel တွဲဖက်တည်ထောင်သူ James Balfour က ပြောဆိုခဲ့ပါတယ်။

Ride2Rebel လို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်း ရည်ရွယ်ထားသလို ဖြစ်လာပါက စက်ဘီးစက်သူတွေအနေဖြင့် ၄၅ မိနစ် တစ်ချိန်စာ ၁၇ ဒေါ်လာနဲ့ ၂၁ ဒေါ်လာကြား ပေးဆောင်ရနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ ပထမဆုံး Ride2Rebel ဘတ်စ်ကားကို နွေရာသီအပြီး စတင်ပြေးဆွဲဖို့ ရည်ရွယ်ထားပေမယ့် အစိုးရခွင့်ပြုချက်ကို စောင့်နေရပါသေးတယ်။

ဘတ်စ်ကားလမ်းကြောင်းတချို့က 1Rebel အားကစားရုံတွေမှာ ဂိတ်ဆုံးပြီး စက်ဘီးစီးသမားများ အလုပ်မဝင်မီ ရေချိုး၊ အဝတ်အစားလှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံရေးကိစ္စရပ်တွေက 1Rebel ရဲ့ ဆန်းသစ်သော ခရီးသည်ပို့ဆောင်ရေး အစီအစဉ်အတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဘတ်စ်ကားပေါ် တပ်ဆင်ထားတဲ့ စက်ဘီးတွေကို လက်ရှိအချိန်မှာ လုံခြုံရေးခါးပတ်တွေ မရှိကြပါဘူး။ အမာစားဦးထုပ် helmet နဲ့ ပတ်သက်လို့ Balfour ဘာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စတွေ အခိုင်အမာလုပ်ဆောင်ဖို့ ဘတ်စ်ကားကုမ္ပဏီတွေနဲ့ အစိုးရ အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ Balfour က CNBC ကို ပြောပြခဲ့ပါတယ်။ 

Ref: CNBC 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.