အိပ်တဲ့အခါ ဟောက်တတ်တဲ့ ကလေးတွေဟာ စဉ်းစားတွေးခေါ်မှုစွမ်းရည် နည်းနိုင်ဟုသိရ

snoring-child.jpg

သင့်ကလေး ကျောင်းမှာ စာညံ့နေလား။ ညံ့နေရင် သူကောင်းကောင်း အိပ်ပျော်လားဆိုတာ စစ်ဆေးပါ။ ဘာကြောင့်လဲဆိုတော့ ဟောက်ခြင်းက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း ဆိုးရွားစွာ ထိခိုက်စေတတ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

ကလေးတွေမှာ ရံဖန်ရံခါ ဟောက်တာ ပုံမှန်ဖြစ်ပေမယ့် အဆက်မပြတ်ဟောက်ခြင်းက sleep apnoea ခေါ် အိပ်နေစဉ်ခေတ္တအသက်ရှူရပ်တဲ့ ရောဂါတစ်မျိုး ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်စေတယ်။ အာရုံစူးစိုက်မှုနဲ့ သင်ယူမှုအခက်အခဲဖြစ်ခြင်းတို့နဲ့လည်း ဆက်နွယ်နိုင်ကြောင်း လေ့လာတွေ့ရှိချက်များမှ ဖော်ပြထားပါတယ်။

Sleep apnoea က အသက်ရှူရပ်လိုက်၊ ပြန်စလိုက်ဖြစ်တဲ့ စိုးရိမ်ဖွယ် အိပ်စက်မှုရောဂါပြသနာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး ဟောက်ရတဲ့ အကြောင်းအရင်းတွေက အာသီး (သို့) လည်ချောင်းပသိကြီးလာခြင်း ဖြစ်ပါတယ်။

ယင်းလေ့လာမှုမှာ ကျောင်းနေအရွယ် ကလေး စုစုပေါင်း ၁,၃၅၉ ကို sleep apnoea ပြင်းထန်မှုပေါ်မူတည်ပြီး အုပ်စု ၄ ခု ခွဲလိုက်ပါတယ်။ ဘာသာစကားနဲ့ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် အိပ်စက်မှုဆိုင်ရာ အကဲဖြတ်မေးခွန်းတွေ၊ တစ်ညတာ အိပ်စက်မှုလေ့လာခြင်းနဲ့ အသိမြင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အကဲဖြတ် တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အုပ်စု ၄ ခုစလုံး သိမြင်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ပမာဏတွေ နှိုင်းယှဉ်ပြီးနောက် ဟောက်တာတစ်ခုတည်းကတင် ကလေးတွေရဲ့ စဉ်းစားတွေခေါ်နိုင်စွမ်း အပျက်သဘော အကျိုးသက်ရောက်မှုရှိကြောင်း သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

Ref: Indianexpress 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.