အမြဲနုပျိုစေမယ့် အရေပြားသစ်တစ်မျိုး သိပ္ပံပညာရှင်အဖွဲ့မှ တီထွင်

skin1-large_trans-zgekzx3m936n5bqk4va8rwtt0gk_6efzt336f62ei5u.jpg

အရေပြားကို ငယ်ရွယ်နုပျိုတုန်းကလို ကျုံ့နိုင်ဆန့်နိုင်တဲ့သတ္တိ ပြန်ရစေနိုင်မယ့် wearable polymer material အသစ်တစ်မျိုး သိပ္ပံပညာရှင်များ တီထွင်ဖန်တီးခဲ့ကြောင်း Journal Nature Materials မှာ ပုံနှိပ်ဖော်ပြထားတဲ့ အချက်တွေအရ သိရပါတယ်။

"Second skin" လို့ ခေါ်တဲ့ US Firm Olivo Labsand MIT မှ သိပ္ပံပညာရှင်များကနေ တီထွင်ဖန်တီးလိုက်တဲ့ ဆီလီကွန်အဓိကသုံး အလွှာပါးဟာ ကျုံ့နိုင်ဆန့်နိုင်၊ မျက်စိဖြင့်မမြင်တွေ့နိုင်၊ တာရှည်ခံ၊ စိုပြေမှုရှိပြီး အရေးအကြောင်း၊ မျက်အိတ်၊ နှင်းခူနာ၊ အရေပြားအနီပိမ့်ထခြင်းစတဲ့ အရေပြားရောဂါများ (သို့) ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အရေပြားပြသနာတွေ ဖြေရှင်းပေးနိုင်တဲ့ အလွှာတစ်ခု ရရှိစေနိုင်ပါတယ်။

ယင်း Second skin ဟာ အသုံးပြုမှုပုံစံအလျောက် ပြောင်းလဲနိုင်တယ်။ အသားရေကို အဝတ်စနဲ့ တို့တို့ပြီး ခြောက်သွေ့အောင်လုပ်ဖို့၊ အလှဆီများများလိမ်းဖို့ ကျွန်ုပ်တို့ ပြောဆိုကြတယ်။ ဒါပေမယ့် ခဏပဲ ခံပါတယ်လို့ ယင်းသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အရေပြားရောဂါဗေဒ ပါမောက္ခ Dr. Barbara A. Gilchrest က ဆိုပါတယ်။ အဆီပြန်တဲ့ အကျိအချွဲ အညစ်အကြေးတွေဖြစ်ပြီး အနေရခက်ခက်နဲ့ ညသန်းခေါင်း အိပ်ယာနိုးမယ်။ အသုံးပြုရ ပိုလွယ်ပြီး ဖယိုဖရဲမဖြစ်တဲ့ဟာ တစ်ခုခုတော့ လိုအပ်နေပြီ်။ အဲဒါ ဘာလဲ။

စမ်းသပ်မှုအတောအတွင်း ယင်း second skin က မျက်အိတ်ကို ပြန်ပုံဖော်ပြီး အရေးအကြောင်းတွေ မပေါ်အောင် အစိုဓာတ်တွေ ပိုပေးရင်း အတွန့်ကြောင်းတွေ ချောမွတ်ပြေပြစ်စေခဲ့ပါတယ်။ အဲဒါက မျက်စိဖြင့်မမြင်နိုင်တဲ့ အလှတိုးစေတဲ့ အလွှာပါးလေးတစ်ခု ဖြစ်ပါတယ်။

Ref: CCTV-Africa 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.