ဆာလောင်နေတဲ့အချိန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချသင့်

canstockphoto5363225.jpg
အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ကိုယ့်ဗိုက်ထဲမှာ အစာပြည့်နေတဲ့အချိန်က အကောင်းဆုံးပဲလို့ သိပ္ပံပညာက ဆိုပါတယ်။ သုတေသီတွေက အစာမစားခင်မှာ ထွက်တဲ့ ghrelin ဟော်မုန်းက အစာစားချင်စိတ်ကို တိုးစေတဲ့ဟော်မုန်းဖြစ်ပြီး ဆုံးဖြတ်ချက်ချခြင်းနဲ့ အသိစိတ်က ထိန်းချုပ်ခြင်းတွေအပေါ်မှာ အနှုတ်လက္ခဏာဆောင်တဲ့ သဘောသက်ရောက်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။
 
grehlin ဟော်မုန်း ပမာဏ တိုးမြင့်လာခြင်းကြောင့် ဦးနှောက်က စိတ်လိုက်မာန်ပါ ပြုမူတတ်ပြီး ကြောင်းကျိုး ဆင်ခြင်ဥာဏ်နဲ့ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို ထိခိုက်စေပါတယ်လို့ ဆွီဒင်နိုင်ငံ Gothernburg တက္ကသိုလ်က သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။ ဆာလောင်လာတဲ့အချိန်မှာ အစာအိမ်ကနေ ghrelin ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းကို သက်ရောက်မှုရှိတယ်ဆိုတာကို ဓာတ်ခွဲခန်းက ကြွက်တွေကို သုံးပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။
 
ကြွက်တွေကို သင့်လျော်တဲ့ အချက်ပြသင်္ကေတ တစ်ခုပေးရင် လီဗာကို နင်းတာ ၊လွှတ်လိုက်တာကို လုပ်တတ်အောင် လေ့ကျင့်ပေးထားပြီး ခိုင်းတဲ့အတိုင်းလုပ်နိုင်ရင် သကြားခဲတစ်ခဲ ဆုချတဲ့ အကျင့်လုပ်ထားပါတယ်။ ဒီလေ့ကျင့်ခန်းကို အလင်းရောင်ရယ် ၊အသံရယ်ကို သုံးပြီး ထပ်ကာထပ်ကာလေ့ကျင့်ပေးပြီး မှန်ရင် ဆုရမယ်ဆိုတဲ့ အသိကို ပေးထားခဲ့ပါတယ်။ လီဗာကို နင်းထားဆိုတဲ့ အချက်ပြလိုက်တဲ့အချိန်မှာ လီဗာကို နင်းမထားနိုင်ဘဲ လွှတ်လိုက်တာက စိတ်ကို ထိန်းချုပ်မထားနိုင်ဘဲ စိတ်လိုက်မာန်ပါ ပြုမူလိုက်တဲ့ သဘောဖြစ်ပါတယ်။
 
သုတေသီတွေက ကြွက်တွေရဲ့ ဦးနှောက်ထဲကို ghrelin ဟော်မုန်းထိုးသွင်းပေးခြင်းက လူတွေကို အစာစားဖို့ လိုအပ်နေပြီဆိုတာ အစာအိမ်က အသိပေးလိုက်တဲ့ ပုံစံနဲ့ အတူတူပဲ ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ကြွက်တွေ အားလုံးက လီဗာကို လွှတ်တော့လို့ အချက်ပြသည်အထိ မစောင့်နိုင်ဘဲ လွှတ်လိုက်တာကို တွေ့ရပါတယ်။စောင့်ဆိုင်းမှ ဆုရမယ်ဆိုတာ သိပေမဲ့ ဦးနှောက်က မထိန်းချုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့် သူတို့က ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ကြွက်တွေလိုပဲ လူတွေမှာလည်း ထပ်တူပဲ ဖြစ်တာကို တွေ့ရပါတယ်။
 
grehlin ပမာဏ မြင့်မားခြင်းက ကျိုးကြောင်းဆင်ခြင်းနိုင်စွမ်းနဲ့ စိတ်ရှည်သည်းခံပြီး ထိန်းချုပ်နိုင်စွမ်းကို လျော့နည်းစေတဲ့အတွက် အကောင်းဆုံး ရလဒ်ကို လိုချင်တဲ့သူတွေဟာ ဗိုက်ဆာနေချိန်မှာ ဆုံးဖြတ်ချက်မချတာ အကောင်းဆုံးဖြစ်ပါတယ်လို့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
 
Ref:timesofindia.indiatimes
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.