ကိုယ့်ချစ်သူနဲ့ ဘာ့ကြောင့် အမြဲ လက်တွဲထားသင့်တယ်ဆိုတာ

love-holding-hands.jpg

လက်တွဲခြင်းနဲ့ ပတ်သက်လို့ လူတိုင်း သူ့အကြိုက်နဲ့ သူရှိကြပါတယ်။ တစ်ချို့က တစ်ယောက်လက်ချောင်းလေးတွေကြား ကိုယ့်လမ်းချောင်းလေးတွေ ထည့်ထားတတ်တာ၊ လက်မအချင်းချင်း ပွတ်မိအောင် လက်တွဲထားတာ၊  လက်သန်းလေးနှစ်ခုတည်း ချိတ်ထားတာ၊ လက်ဖ၀ါးနှစ်ခုကို ကျစ်ကျစ်ပါအောင် ဖျစ်ညှစ်ဆုပ်ကိုင်ထားတတ်တာ စသဖြင့် တစ်တွဲကို တစ်မျိုးစီ လက်တွေချိတ်တွဲထားတတ်ကြပါတယ်။

ဘယ်လိုပုံစံဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကိုယ်ချစ်ရသူနဲ့ လက်တွဲထားရတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းသလဲဆိုတာ လူတိုင်းသိကြပါတယ်။ ကျွန်ုပ်တို့ စိတ်ဆိုး၊ စိတ်ဖိစီးမှုဖြစ်တဲ့အချိန် သို့မဟုတ် ကြောက်လန့်တဲ့အချိန်မှာ ဘာ့ကြောင့် ကိုယ့်လက်တွဲဖော်ဆီ လက်တွေ အလိုလို ရောက်သွားကြသလဲ။ စိတ်မကောင်းဖြစ်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ဒီလိုလုပ်လိုက်ရင် ကိုယ့်ချစ်သူဆီက နှစ်သိမ့်မှုတွေ ရမယ်၊ စိတ်သက်သာရာ ရမယ်လို့ ယူဆတာကြောင့်လား။

အဖြေကတော့ ကျွန်ုပ်တို့ရဲ့ လက်မှာ မဟုတ်ဘူး။ ဦးနှောက်မှာ ရှိတာလို့ ဗာဂျီးနီးယားတက္ကသိုလ်မှ စိတ်ပညာရှင် Dr. James Coan ရဲ့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

ယင်းလေ့လာမှုမှာ ပျော်ရွှင်တဲ့ အိမ်ထောင်သည်အမျိုးသမီး ၁၆ ယောက်ကို f.M.R.I စက်နဲ့ ဦးနှောက်လှုပ်ရှားမှုကို စောင့်ကြည်အကဲခတ်ရင်း စိတ်ဖိစီးမှုအခြေအနေကို ခံစားစေပါတယ်။ အမျိုးသမီးတစ်ဦးချင်းစီကို ဓာတ်လိုက်အောင်လုပ်ပြီးနောက် ဦးနှောက်ကနေ ပြန်လည်တုံ့ပြန်တဲ့လှုပ်ရှားမှု ရလာဒ်တွေကို တိုင်းတာခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို သူစိမ်းတစ်ယောက်လက် ကိုင်ခိုင်းတယ်။ နောက် ခင်ပွန်းလက်ကို ကိုင်ခိုင်းပြန်ပါတယ်။

ရလဒ်အဖြေတွေက သူစိမ်းတစ်ယောက်လက်ကို ကိုင်နေစဉ် စိတ်လှုပ်ရှားမှု ပိုနည်းပြီး ခင်ပွန်းလက်ကိုင်ထားတဲ့အချိန်မှာ စိတ်ဖိစီးမှု လုံးဝမရှိတော့တာ တွေ့ရပါတယ်။ လက်တွဲခြင်းက စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှုလျော့နည်းခြင်းက ပိုမိုကျန်းမာစေပါတယ်။

နောက် သင့်ချစ်သူဟာ ဝမ်းနည်းဖွယ် ရုပ်ရှင်ဇာတ်ကား၊ လုပ်ငန်းခွင်စိတ်ဖိစီးမှု၊ သင့်နဲ့အငြင်းအခုံဖြစ်လို့ပဲ ဖြစ်ဖြစ် ဘာအကြောင်းကြောင့် စိတ်မကောင်း ၀မ်းနည်းတဲ့အချိန်တိုင်း လက်ချင်းတွဲထားဖို့ သတိရပါ။

ထမင်းစားနေရင်း လက်တွဲထားတာ၊ ကားစီးရင်း၊ TV ကြည့်နေရင်း သို့မဟုတ် တနေရာရာလမ်းလျှောက်သွားရင်းဖြစ်ဖြစ် ပုံမှန်လက်တွဲတဲ့ အကျင့် ထူထောင်ပါ။ အဲဒါက ချစ်သူချင်းဆက်ဆံရေးနဲ့ သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ 

Ref: Yourtango 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.