ဓာတ်မတည့်မှု allergy ကို ခုခံတိုက်ဖျက်ပေးမယ့် ဖျော်ရည်

against-allergies-630x350.jpg

ရိုးရှင်းလွယ်ကူတဲ့ ဒီသဘာဝဖျော်ရည်လေးက ဓာတ်မတည့်မှုကို ခုခံတိုက်ဖျက်ပေးပါလိမ့်မယ်။ မနက်စာမစားမီ တစ်ခွက်သောက်ပေးရင် လုံလောက်ပါတယ်။ ပုံမှန်လေးသောက်ပေးပါ။ ဓာတ်မတည့်မှုပြသနာ ပိုမိုလွယ်ကူစွာ ဖြေရှင်းပေးပါလိမ့်မယ်။

လိုအပ်သည့် အရာများ  

·         မုန်လာဥနီ (၁) လုံး

·         လိမ္မော်သီး (၂) လုံး

·         သခွားသီး ၁/၂ ပိုင်း

·         ပူစီနံ ၅ – ၁၀ ရွက်

·         လတ်ဆတ်တဲ့ ဂျင်း ၃၀ ဂရမ် (၁ အောင်စ)

ပထမဆုံး အသီးတွေကို ရေဆေးပြီး အခွံခွာ၊ ဓားဖြင့် လှီးဖြတ်ပြီး ပါဝင်ပစ္စည်းအားလုံး သစ်သီးဖျော်စက်ထဲ ထည့်ပါ။ ပူစီနံကို နောက်ဆုံးမှာ ထည့်ပါ။ ဖျော်စက်ခလုတ်ဖွင့်ပြီး ကောင်းစွာ ရောမွှေပေးပါ။ သစ်သီးညှစ်ကိရိယာရှိရင် ပိုတောင်ကောင်းပါသေးတယ်။

လိမ္မော်သီးက ဗီတာမင်-စီ ရဲ့ အရင်းမြစ်ကောင်းတစ်ခုဖြစ်တာကြောင့် ကိုယ်ခံအားစနစ် ကာကွယ်ပေးပါလိမ့်မယ်။ ပူစီနံက အသက်ရှူစနစ်အတွက် သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။

ဂျင်း ကျတော့ မကြာခဏ နှာချေခြင်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာကို လျော့နည်းစေသည့်အပြင် ကောင်းမွန်တဲ့ antioxidant တစ်ခုလည်း ဖြစ်ပါတယ်။

Ref: Finelivingadvice

17 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.