ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အသစ်ရဲ့  နေ့စဉ်အစားအစာ များ

97790191_emma_morano-large_trans8asj1ehb3tspqqwok7bwez1cj-pismfitifwbu_eptk.jpg
ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ နယူးယော့ခ် မြို့က Susannah Mushatt Jones ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ကွယ်လွန်ခဲ့တဲ့နောက်မှာ အီတလီ နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် Emma Morano ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ၁၈၀၀ ပြည့်နှစ်ကာလများမှာ မွေးဖွားခဲ့တဲ့လူတွေထဲမှာမှ နောက်ဆုံးကျန်ရှိနေတဲ့ တစ်ဦးတည်းသော သူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
 
အီတလီနိုင်ငံအနောက်မြောက်ဘက်က ဒေသငယ်လေးတစ်ခုမှာ Morano ဟာ တူမ ၂ ယောက်နဲ့အတူ အခန်းတစ်ခန်းထဲသာ ရှိတဲ့ တိုက်ခန်း တစ်ခုမှာ အတူနေထိုင်ပါတယ်။ သူမ ကို သူနာပြုတစ်ယောက်က  အနားမှာ ဂရုစိုက်ပေးသလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ယုံကြည်ရတဲ့ အစားအစာတွေပဲ ကျွေးမွေးခဲ့တာပါ။
 
ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ Morano ဟာ ဆရာဝန်တစ်ယောက် ညွှန်ကြားထားတဲ့အတိုင်း နေထိုင်စားသောက်လာခဲ့ပါတယ်။ သူမဟာ နေ့စဉ် ကြက်ဥ အစိမ်း ၂ လုံး သောက်ပြီး အမဲသား အစိမ်း ၁၅၀ ဂရမ်ကို စားတယ်လို့ သိရပါတယ်။
 
“ကျွန်မအဖေက ကျွန်မကို ဆရာဝန်ဆီခေါ်သွားတယ် ၊ ဆရာဝန်က ကျွန်မကို တွေ့တာနဲ့ ‘သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ပဲ။ မင်းနောက် ၂ ရက်လောက်နေမှ လာမယ်ဆိုရင် မင်းကိုကုသပေးဖို့ ငါရှိနေနိုင်တော့မှာ မဟုတ်ဘူး’လို့ ပြောပါတယ်။ပြီးတော့ သူက ကျွန်မကို နေ့စဉ် ကြက်ဥ ၂ လုံး (သို့) ၃ လုံး စားဖို့ ပြောတော့ ကျွန်မ တစ်နေ့ကို ၂ လုံး ပုံမှန်စားဖြစ်ခဲ့ပါတယ်” လို့ Morano က AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။
 
USA Today ဆိုတဲ့ သတင်းဌာနကလည်း Morano ဟာ  မနက်စာအဖြစ် ဘီစကစ်များ စားလေ့ရှိပြီး နေ့လည်စာ အတွက်က အသားနုတ်နုတ်ဆင်းပြီး ပါစတာ(Pasta) နဲ့ တွဲဖက်စားသုံးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.