ကိုယ်အလေးချိန်ကျချင်ရင် မနက်ကော်ဖီထဲ ဒါလေး ထည့်လိုက်ရုံ

morning-coffee-630x350.jpg

ခုပြောပြပေးမယ့် အရောအစပ်လေးက မနက်ခင်းကော်ဖီအရသာကို ပိုမိုကောင်းမွန်စေမယ့်အပြင် ဇီဝဖြစ်စဉ် လျင်မြန်စေပြီး ကိုယ်အလေးချိန် လျော့ချမှုအတွက် ပိုမိုလွယ်ကူစေပါတယ်။ သင်ဟာ မနက်ခင်းကော်ဖီသောက်တတ်သူဆိုရင် ပိုတောင် အဆင်ပြေပါဦးမယ်။ ကော်ဖီခွက်ထဲ အဲ့ဒီအရောအစပ်လေးကို နည်းနည်းချင်းစီ ထည့်ပြီး နေ့တိုင်းသောက်ပေးရုံပါပဲ။ 

ပါဝင်ပစ္စည်းများ

·         အုန်းဆီ ( လက်ဖက်ရည် ပုံမှန်ခွက်ဖြင့် ၄ပုံ ၃ပုံ)

·         ပျားရည် ( လက်ဖက်ရည် ပုံမှန်ခွက် ၂ပုံ ၁ပုံ)

·         သစ်ကြမ်းပိုးခေါက် ထမင်းစားဇွန်း (၁) ဇွန်း

·         Cocoa ထမင်းစားဇွန်း (၁) ဇွန်း တို့ပဲ ဖြစ်ပါတယ်။ 

ပြင်ဆင်ပုံပြင်ဆင်နည်း

ပါဝင်ပစ္စည်းအကုန်ပေါင်းပြီး ခပ်ပျစ်ပျစ်မဖြစ်မချင်း မွှေပေးပါ။ ပြီးနောက် အဖုံးပါတဲ့ ဖန်ဗူးသန့်သန့်လေးတစ်ခုထဲ ထည့်ထားပါ။ မနက်ကော်ဖီဖျော်တိုင်း ခုန ဖန်ဗူးထဲက ရောထားတဲ့ အရည်အရောအနှောကို လက်ဖက်ရည်ဇွန်းဖြင့် ၁၊ ၂ ဇွန်း ထည့်ပေးရပါမယ်။ ၅-၁၀ မိနစ်ကြာမွှေပြီးနောက် သုံးဆောင်လို့ရပါပြီ။ 

Ref: finelivingadvice

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.