ပျိုမေတို့အမြဲဆောင်ထားသင့်တဲ့အရာတွေ

မိန်းကလေးတွေအပြင်သွားတဲ့အခါမှာယောက်ျားလေးတွေထက်ပိုပြီး ကရိကထများပါတယ်။  ဒါကြောင့်မိန်းကလေးတွေရဲ့လွယ်အိတ်ထဲမှာမရှိမဖြစ်အနေနဲ့ဆောင်ထားသင့်တဲ့ ပစ္စည်းတချို့ကိုဖော်ပြပေးချင်ပါတယ်။ 
 
(၁) တွယ်ချိတ်အချို့ – ပေါက်ရာပြဲရာတချို့နဲ့ပြတ်တောက်သွားတဲ့ပစ္စည်းတချို့ကို ယာယီဆက်စပ်ပေးဖို့အတွက်အလွယ်ကူဆုံး ပစ္စည်းဖြစ်ပါတယ်။
 
(၂) လက်ရာမြောက်တဲ့နားဆွဲလေး- အလုပ်များသူတွေနေ့အချိန်အလုပ်ကနေညဘက်ပါတီကိုတစ်ဆက်တည်း သွားရတော့မယ်ဆိုရှုင် ဒီနားဆွဲလေးတစ်ခု ပန်လိုက်ရုံနဲ့ပွဲတက်စတိုင်ကိုရစေနိုင်ပါတယ်။ 
 
(၃) ဒေါက်ဖိနပ်အောက်ခံ- ဒေါက်ဖိနပ်စီးပြီးမှလမ်းများများလျှောက်ဖို့အခြေအနေမျိုးကြုံလာရင်တော့ဖိနပ်အောက်ခံရာဘာလေးတွေကပြုတ်ထွက်သွား တတ်ပါတယ်။ ဒီရာဘာလေးတွေမပါရင်ချော်လဲတတ်တာမို့ ဒီအောက်ခံရာဘာလေးတွေက အသုံးဝင်ပါတယ်။ နှစ်ခုဆောင်ထားဖို့တော့မမေ့နဲ့နော်။
 
(၄) လက်ကိုင်ပုဝါအစို- အယ်ကိုဟောပါဝင်လို့မတော်တဆဖြစ်တဲ့ အစွန်းအထင်းလေးတွေကိုဖယ်ရှားပေးနိုင်တဲ့ တစ်ခါသုံးလက်ကိုင်ပုဝါလေးဖြစ်ပြီ့း ညေိ နြူတွေထက် လက်ကိုပိုပြီး သန့်စင်စေနိုင် ပါတယ်။
 
(၅) နှုတ်ခမ်းနီတောင့် – အစာစားပြီးချိန်တိုင်း လိုအပ်နိုင်လို့ဆောင်ထားသင့်ပါတယ်။
 
(၆) နေကာမျက်မှန် – စတိုင်ကျပြီး နေပူဒဏ်ကိုကာကွယ်နိုင်ဖို့နေကာမျက်မှန်ကလည်းမရှိမဖြစ်ပါပဲ။ 
 
ဒီလောက်ဆိုရင်တော့အပြင်သွားရင်တွေ့နိုင်တဲ့ အရေးပေါ်အခက်အခဲလေးတွေကို ဖြေရှင်းနိုင်ပါပြီ။
 
Ref:Lucky
Translate By: Htet Hsu (ထက်ဆု)
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.