ပန်းဂျုံနဲ့ ပြုလုပ်တဲ့ ပေါင်မုန့် ကိုယ်တိုင်လုပ်စားကြရအောင်

diebetics-e1463184214936-630x350.jpg

ပန်းဂျုံနဲ့ပြုလုပ်တဲ့ ပေါင်မုန့်ဟာ ကိုယ်အလေးချိန် မတက်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ဆီးချိုသမားတွေလည်း စိတ်ချစွာ စားသုံးနိုင်ပါတယ်။ ဒီပေါင်မုန့် ပြင်ဆင်လုပ်ဆောင်ဖို့အတွက် လိုအပ်မှာက. . .

·         တဆေး ပလတ်စတစ်အိတ်အသေး (၁) လုံး

·         ရေနွေးနွေးလေး လီတာဝက်

·         ဂျုံမုန့် ၅၀၀ ဂရမ် (၁၇.၆ အောင်စ)

·         ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

·         သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း

·         သံလွင်ဆီ ထမင်းစားဇွန်း ၃ ဇွန်း တို့ပဲ ဖြစ်ပါတယ်။ 

ပြင်ဆင်ပုံပြင်ဆင်နည်း

ဂျုံမုန့်ကို ဒယ်အိုအကြီးတစ်ခုထဲလောင်းထည့်ပြီး တဆေး (၁) ထုတ်၊ ဆားနဲ့ သကြားပေါင်းထည့်ပါ။ သေချာရောသမမွှေပြီး သံလွင်ဆီရောထည့်ပါ။  

နောက် ရေနွေးကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တစ်သားတည်းကျသွားတဲ့အထိ ရောစပ်ပါ။ ပြီးနောက် ဂျုံမုန့်ညက်ကို နာရီဝက်ကနေ မိနစ် ၄၀ ခန့် ထားပေးပါ။

အပူပေးစက် oven ကို ၂၀၀ ဒီဂရီဆဲလ်စီးရပ်စ် (၃၉၂ ဖာရင်ဟိုက်) အပူမှာ ထားပြီး မုန့်ကင်တဲ့ဒယ်အိုးကို ဆေးသုတ်ပြီး အထဲမှာ ဂျုံမုန့် ထားရပါမယ်။ အပူချိန် 200 clesius (392 fahrenheit) ဖြင့် ၄၅ မိနစ်လောက် မီးကင်ပေးရပါမယ်။

ပိုလှပြီး အရသာပိုထူးအောင် ပေါင်မုန့်အပေါ်ဘက်ခြမ်းကို သံလွင်ဆီနဲ့ သုတ်လိမ်းပေးပါ။ 

Ref: Finelivingadvice

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.