ဘယ်နိုင်ငံတွေက ညအိပ်ချိန် အများဆုံးလဲ

sleep-main_2866470a.jpg

ခရီးသွားများ ဒေသစံတော်ချိန်အသစ်တွေ ချိန်ညှိနိုင်အောင် ထုတ်လုပ်ထားသော app တစ်ခုဖြစ်တဲ့ Entrain အသုံးပြုပြီး ကမ္ဘာတစ်ဝှမ်းမှ အိပ်စက်မှုအလေ့အကျင့်များအကြောင်းကို Olivia Walch၊ Amy Cochran နဲ့ Daniel Forger တို့မှ လေ့လာခဲ့ကြပါတယ်။

လူတစ်ယောက်ရဲ့ သဘာဝအလျောက် အိပ်ရာဝင်ချင်တဲ့ စိတ်ဆန္ဒ ဇောကို လူမှုရေးဖိအားတွေ ဘယ်လို ကွယ်ပျောက်သွားစေသလဲဆိုတာကိုလည်း ယင်းအဖွဲ့မှ စူးစမ်းလေ့လာခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း ညအိပ်ချိန် အများဆုံးနဲ့ အနည်းဆုံးဖြစ်သူတွေကတော့. . .

နယ်သာလန်နိုင်ငံက လူတွေဟာ အကြံပြုသတ်မှတ်ထားတဲ့ တစ်ညတာ အိပ်ချိန် ၈ နာရီထက် ပျှမ်းမျှ ၅ မိနစ် ပိုအိပ်ကြပြီး ဇာယားထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။

သန့်စင်သော လေထုနဲ့ တောင်တန်းတွေက နယူးဇီလန်နိုင်ငံက လူတွေကတော့ တစ်ညတာ အိပ်စက်ချိန်ထက် ၄ မိနစ်ပိုကာ ဒုတိယနေရာ ရရှိစေတာ ဖြစ်နိုင်ပါတယ်။

လန်ဒန်ကတော့ နံပါတ် ၈ နေရာမှာ ရှိပါတယ်။ ဒီကျွန်းနိုင်ငံက လူတွေ သတ်မှတ်အိပ်ချိန်ထက် ၆ မိနစ်ဝန်းကျင် လျော့နည်းကြတယ်လို့ ဆိုပါတယ်။

ဂျာမန်က ကမ္ဘာမှာ ၁၇ မြောက် အဆိုးဆုံးနိုင်ငံ ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာ အာရှနိုင်ငံတချို့က ဇယားအောက်ဆုံးထဲ ကျရောက်သွားခဲ့ပါတယ်။

ဂျပန်က အိပ်ချိန် ၂၉ မိနစ်ပိုနည်းကာ နောက်ပိတ်ဆုံးရဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

အိပ်ချိန် ၈ နာရီထက် ပျှမ်းမျှ ၃၆ မိနစ်လျော့ပြီး စင်ကာပူနိုင်ငံက ဇယားအောက်ဆုံးရောက်ရှိခဲ့ပါတယ်။

လျော့သွားတဲ့ အိပ်ချိန်တွေ တစ်ညအတွက် များတယ် မထင်ရပေမယ့် ဒီအိပ်ချိန်လျော့နည်းထိခိုက်မှုများက လူတွေရဲ့ကျန်းမာရေးကို ချက်ချင်းအန္တရာယ်ပြုပါတယ်။

လူတစ်ယောက်ရဲ့ မိန်းမဖြစ်မှု၊ ယောက်ျားဖြစ်မှု (လိင်) ဟာ အိပ်စက်မှုကြာမြင့်ချိန်အပေါ် အများဆုံးအကျိုးသက်ရောက်မှု ရှိပါတယ်။ ဘယ်အသက်အရွယ်ဖြစ်ဖြစ် အမျိုးသမီးတွေဟာ စောစာအိပ်ယာဝင်ပြီး နောက်ကျမှ အိပ်ယာထကြပါတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.