စိတ်ပူပန်သောကတွေ ရှူထုတ်ကြည့်ကြမယ်

shutterstock_153563456-500x375.jpg

ဘဝကို အရှိန်ပြင်းပြင်း ရှင်သန်ဖြတ်သန်းတဲ့အခါမှာ ကျွန်ုပ်တို့ ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာမျိုးတွေ မရှိတော့ပါဘူး။ ကိုယ်လုပ်ဆောင်ရမယ့် အလုပ်တွေကြားထဲ နစ်မြုပ်ရင်း တစ်ခုပြီးတစ်ခု ဒါပြီးရင် ဒါလုပ်ရမယ်ဆိုတဲ့  တာဝန်တွေ၊ ခံစားချက်တွေနဲ့ ပိနေကြပါတယ်။ အဲ့ဒီလို အလုပ်တွေနဲ့ ပိနေတဲ့ နေရက်တွေကို ဖြတ်ကျော်တဲ့အခါ ကိုယ့်ကို စိတ်ဖိစီးမှုကနေ သက်သာစေအောင်၊ စိတ်စွမ်းအင်တွေ ပိုမိုတိုးပွားစေအောင် ပြုလုပ်ပေးနိုင်တဲ့အရာကတော့ အသက်ရှူခြင်းပါပဲ။ ခုလိုပြောလိုက်ရင် အားလုံးက အသက်ရှုတာ နေ့တိုင်းလုပ်နေတဲ့အရာပဲ။ ဘာခက်ခဲတာမှတ်လို့ဆိုပြီး ထင်နေပါလိမ့်မယ်။  တကယ်တော့ အသက်ရှုသွင်းပြီး အသက်ကို ပြန်ရှုထုတ်တာကို လေ့ကျင့်ခန်းပုံစံ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်  သင်နေ့တိုင်းကြုံတွေ့နေရတဲ့ စိုးရိမ်သောကတွေကို ကိုင်တွယ်ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါကို "Power Breathing" လို့ခေါ်ပါတယ်။

ဒီအသက်ရှူလေ့ကျင့်ခန်းမှာ အသက်ရှူသွင်းနိုင်သလောက် အသက်ရှူထုတ်ခြင်း ၂ ကြိမ်ပါဝင်ပါတယ်။ အသက်ရှူသွင်းခြင်း (၂) ကြိမ်နဲ့ အသက်ရှူထုတ်ခြင်း ၄ ကြိမ်၊ နာက်ပြီး ၈ ကြိမ်နဲ့ ၁၆ ကြိမ်လုပ်ပေးရပါမယ်။ ဘယ်လိုဖြစ်ဖြစ် power breathing ဟာ ကြောက်စိတ်မွှန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ဦးယဉ်းနာ၊ ကြွက်တက်ခြင်းနဲ့ စိတ်ဖိစီးမှုဖြစ်တဲ့ အခြေအနေများအတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။

Power Breathing ကောင်းကောင်းထိရောက်တဲ့ အကြောင်းရင်းက စိတ်အေးလက်အေးဖြစ်တဲ့အချိန်မှာ ခန္ဓာကိုယ် သဘာဝအတိုင်း အသက်ရှူမှုပုံစံဖြစ်နေလို့ ပါပဲ။ အဲဒီလို စပြီး အသက်ရှူတဲ့အခါ အနားယူတယ်လို့ သဘောထားပြီး တချက်ချက်မြည်တဲ့ နာရီလက်တံကို မှတ်ဖို့ မဖြစ်မနေ အကြီးရေးပါတယ်။

Power Breathing ရဲ့အကောင်းဆုံးအချက်က ဘယ်နေရာမဆို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ လုပ်ရမယ့်အရာက ခဏလေးအချိန်ယူ၊ အာရုံစူးစိုက်ပြီး စိတ်ဖိစီးမှုကို အဝေးသို့ ရှူထုတ်ဖို့သာ ဖြစ်ပါတယ်။ 

Ref: Hellogiggles 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.