ကင်ဆာတိုက်ဖျက်ဖျော်ရည်

cancer-killer-drink-this-juice-every-day-on-an-empty-stomach.jpg

ကျန်းမာရေးပြသနာများနဲ့ ရောဂါမျိုးစုံအတွက် သဘာဝကုသနည်း မရေမတွက်နိုင်အောင် များပါတယ်။ ရတဲ့ အခွင့်အရေးကို အသုံးချဖို့သာ လိုအပ်ပါတယ်။  

စားထားသမျှက ကျန်းမာရေးတစ်ခုလုံးမှာ အကျိုးသက်ရောက်စေပါတယ်။ ဒါ့ကြောင့် alkaline နဲ့ အက်ဆစ်များတဲ့ အစားအစာနှစ်ခုကြား ခြားနားချက်ကို သိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်ကို အကျိုးသက်ရောက်စေလို့ပဲ ဖြစ်ပါတယ်။ ဆိုရရင် ခန္ဓကိုယ်အတွင်း acid များတဲ့နေရာမှာ ရောဂါများများဖြစ်ပွားပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါ။ ဆန့်ကျင်ဘက်အားဖြင့် alkaline ရှိတဲ့နေရာက balance ညီပြီး အခြေအနေ ကောင်းမွန်တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဒါ့ကြောင့် alkaline အစားအစာက မိမိကိုယ်ကိုယ် ရောဂါမျိုးစုံကနေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။ Alkaline အစားအစာတွေက ကင်ဆာရောဂါကို အဆင့်တော်တော်ရောက်ပြီးတဲ့ အချိန်မှာတောင် အောင်မြင်စွာ ကုသနိုင်ပါတယ်။

အဆိပ်သင့်အစားအစာတွေက ခန္ဓာကိုယ်ထဲ pH balance ကမောက်ကမဖြစ်စေတဲ့အခါ အန္တရာယ်သိပ်များပါတယ်။ ခန္ဓာကိုယ်အတွင်း pH balance ပြောင်းလဲခြင်းဖြင့် alkaline အစားအစာများ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ Alkaline တည်ရှိတဲ့ဝန်းကျင်မှာ ကင်ဆာဆဲလ်များ အသက်မရှင်နိုင်ဘူးကြောင်း သက်သေအထောက်အထားရှိပါတယ်။

သကြားဓာတ်များတဲ့ အစားအစာတွေ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ နေ့စဉ်ပုံမှန်စားတဲ့ အစားအစာထဲ မထည့်သင့်ပါ။ ဒီအစားအစာမျိုးတွေက ကင်ဆာရောဂါ ဖြစ်ပွားတဲ့ အကြောင်းရင်း ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ သကြားဓာတ်တွေကြောင့် ကင်ဆာဆဲလ်တွေ ရှင်သန်နေတာပါ။

ဆန့်ကျင်ဘက်အနေနဲ့ ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်စေပြီး ကင်ဆာရောဂါနဲ့ တခြားရောဂါဘယ ဖြစ်ပွားခြင်းကို တားဆီးပေးတဲ့ အစားအသောက်များသာ စားသုံးသင့်ပါတယ်။ အဲဒီအစားအသောက်ထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ နှံစားသီးနှံတွေ ပါဝင်ပါတယ်။ ပြီးတော့ အသားနဲ့ ကြာရှည်ခံအောင်လုပ်ထားတဲ့အရာတွေ မစားသုံးဖို့ လိုအပ်ပါတယ်။

မိမိကျန်းမာရေးနဲ့ ပိုမိုကောင်းမွန်စေပြီး ကင်ဆာရောဂါကို အမြန်ဆုံး ရှင်းလင်းနိုင်တဲ့ နည်းလမ်းများထဲမှ တစ်ခုက အသီးအရွက်များဖြင့် ပြုလုပ်တဲ့ ဖျော်ရည်ကို သောက်ပေးဖို့ ဖြစ်ပါတယ်။ မနက်စာမစားမီ အစာအိမ်တွင်း ဘာမှမရှိတဲ့အချိန်မှာ သောက်ပါက အကောင်းဆုံးအကျိုးရလဒ်တွေ ရရှိပါလိမ့်မယ်။ ကင်ဆာရောဂါခံစားရပါက ဒီပျော်ရည်ကို အစာမစားမီ တစ်နေ့ (၃) ကြိမ် သောက်ပေးသင့်ပါတယ်။

ဒီဖျော်ရည်က ဖော်စပ်ရလွယ်ကူပြီး အကျိုးရလဒ်က အံ့မခမ်းဖွယ်ပါပဲ။

ပါဝင်ပစ္စည်းများ

ရေ ခွက်တစ်ပိုင်း

သံပုယိုသီး (၁) လုံး

ဒေါက်ခွ spinach လက်တစ်ဆုပ်စာ

ကိုက်လံ (၃) ရွက်

ပြင်ဆင်ဖျော်စပ်နည်း

ပါဝင်စ္စည်းအားလုံးကို သစ်သီးဖျော်စက်နဲ့ တစ်သားတည်းဖြစ်အောင် ဖျော်စပ်ပါ။ ဖျော်ပြီး ချက်ချင်းသုံးဆောင်သင့်ပါတယ်။ 

Ref: Womansvibe 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.