၁၉ နှစ် မိန်းကလေးတစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုကို Periscope ပေါ် တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ဆောင်ခဲ့

4b0ff39c44c23462af6541bf419bfdf2.jpg

စိတ်ထိခိုက်နာကျင်မှုကို အပြင်းအထန်ခံစားခဲ့ရတဲ့ ၁၉ နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာ ပဲရစ် မြို့တောင်ဘက် ၂၅ မိုင်ခန့်မှာ ပုံမှန်ခရီးဝေးပေးဆွဲတဲ့ ရထားရှေ့ ခြေလှမ်း လှမ်းနေတာ Periscope ပေါ် သူမကိုယ်သူမ မှတ်တမ်းတင်ရိုက်ကူးပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း New York Times မှ သတင်းဖော်ပြခဲ့ပါတယ်။ သူမနာမည်ကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။

သူမဟာ မသေခင်လေး သူမရည်ရွယ်ချက်တွေကို အသိပေးဖို့ နီးစပ်တဲ့ ဆွေမျိုးတွေထံ SMS တစ်စောင်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူမလုပ်ဆောင်ချက် ရှင်းပြဖို့အတွက် Periscope ကတဆင့် အင်တာနက်သုံးစွဲသူတွေထံ ထုတ်ပြန်ကြေငြာမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ယင်းထုတ်လွင့်ချက်ကို Periscope ကနေ ဖယ်ထုတ်ခဲ့ပြီးဖြစ်ပေမယ့် ဒီထုတ်လွှင့်မှုလို့  ယူဆရတဲ့ YouTube ဗွီဒီယိုတချို့ရှိနေတယ်လို့ အစိုးရရှေ့နေ Eric Lallement က Times ကို ပြောပြခဲ့ပါတယ်။ Le Point ရဲ့ အဆိုအရ အဲဒီမိန်းကလေးက သူမရဲ့နောက်ဆုံးဗီဒီယိုထဲမှာ သူမကိုယ်သူမ မုဒိမ်းကျခံရသူတစ်ဦးလို့ ခေါ်ဆိုခဲ့ပြီး မုဒိမ်းကောင်ကိုလည်း နာမည်အတိအကျပြောခဲ့တယ်လို့ ဆိုပါတယ်။

ခုလို အင်တာနက်ပေါ် သေကြောင်းကြံစည်မှုတင်ခြင်းဟာ လှုပ်လှုပ်ရှားရှားဖြစ်စေဖို့ ရည်ရွယ်တာမဟုတ်ဘဲ လူတွေရဲ့ အသိတရားတွေကို ဖွင့်ပေးဖို့ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။ လူတွေ Periscope ပေါ် ကြည့်ရှုတဲ့အချိန်မှာ သူမရဲ့ သေကြောင်းကြံစည်မှုကို အလေးအနက် မထားခဲ့ပါဘဲ သူမ ရထားသံလမ်းဘေးမှာ ရပ်နေတဲ့အခါ We're waiting ၊ Give us a hint လို့ comment တွေ ရေးသားခဲ့ကြပါတယ်။

ဒီ တိုက်ရိုက်ထုတ်လွင့်မှု ကြည့်ရှုသူတစ်ယောက်ထံမှ ရဲတပ်ဖွဲ့ကလည်း ဒါဟာ သေကြောင်းကြံစည်မှုတစ်ခုပဲဆိုတာ သတိပြုမိခဲ့ပါတယ်။ Periscope ရဲ့ လမ်းညွန်ချက်မှာ app ဟာ ပွင့်လင်းပြီး လုံခြုံမှုရှိစေဖို့အတွက် ရည်ရွယ်ထားတယ် ဆိုပေမယ့် ဂရပ်ဖစ်နဲ့ ပတ်သက်လို့ ထုတ်လွင့်မှုတွေ အများအပြားရှိခဲ့ပါတယ်။

ကျန်ခဲ့တဲ့လက အမျိုးသားနှစ်ယောက်ဟာ ပြင်သစ်နိုက်လပ်တစ်ခုရဲ့ အပြင်ဘက်မှာ အရက်မူးသူတစ်ယောက်ကို ရိုက်နက်နေတာကိုလည်း သူတို့ကိုယ်သူတို့ ဗွီဒီယို ရိုက်ကူးပြီး တင်ခဲ့ကြပါတယ်။ နောက် ၁၈ နှစ်အရွယ် Ohio မှာ နေထိုင်သူတစ်ယောက်ကလည်း သူမသူငယ်ချင်း မုဒိမ်းကျင့်ခံနေရချိန်အတွင်း ဗွီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ပါသေးတယ်။

Ref: Yahoo

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.