သားသတ်လွတ်သမားများအတွက် အသားနေရာမှာ အစားထိုးနိုင်တဲ့ အသီး

5791151895_67dbb05cdf_b_jackfruit-750x500.jpg

သင့်ဟာ မကြာသေးမီကမှ သားသတ်လွတ် (သို့) အသားငါးရှောင်သူဆိုပါက အသားစားခဲ့စဉ်က သင်နှစ်သက်တဲ့ အစားအစာကို အစားထိုးမယ့်အရာတွေ ရှာဖွေဖို့ အလားအလာရှိပါတယ်။ ဝက်သားအတွက် အစားထိုးရှာမယ်ဆိုပါက တစ်ခုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ သစ်ပင် ပင်စည်သီးဖြစ်တဲ့ ပိန္နဲသီးက အသားအတွက် အရသာရှိ အပင်သီး အစားထိုးစရာတစ်ခု ဖြစ်ပါတယ်။

ဒီအသီးက အမေရိကမှာ လူကြိုက်များလာပြီး "pulled pork" အသားညှပ်ပေါင်မုန့်ဖြစ်တဲ့ tacos မှာ အသုံးပြုထားပါတယ်။  ဒီအသီးက အရှေ့တောင်အာရှဒေသ ထွက်အသီးဆိုပေမယ့် အခုအခါမှာ သားသတ်လွတ် စားသုံးသူဦးရေ များပြားလာမှုကြောင့် အမေရိကမှာ အဓိက ရောင်းချနေပါတယ်။

ယင်းအသီးကို ပေါင်အလေးချိန်အရ အစိတ်လိုက် လှီးဖြတ်ဝယ်ယူနိုင်ပြီး အခြောက်ခံတာ၊ မုန့်လိုဖုတ်တာ သို့မဟုတ် မီးကင်တာတွေ ပြုလုပ်နိုင်ပါတယ်။ ၁ နာရီလောက် ချက်ပြုတ် ပြင်ဆင်ပြီးနောက် အသီးဟာ ဝက်သားကဲ့သို့ အရသာရှိတယ်လို့ ဆိုပါတယ်။

အာဟာရတန်ဖိုးရှိနေသ၍ ပိန္နဲသီးမှာ vitamin A၊ vitamin C၊ calcium, iron၊ magnesiumနဲ့ fiber စတာ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ 

Ref: Simplemost 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.