မျက်နှာမှာ တက်တူးထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာ

justinbiebertattoo.jpg
ပျိုမေတို့ရဲ့ အချစ်တော် ဂျက်စတင်ဘီဘာကတော့ တက်တူးအသစ်ထိုးလိုက်ပြန်ပါပြီ။ ဒီတစ်ခါထိုးတဲ့ နေရာကတော့ သူ့ရဲ့မျက်နှာပေါ်မှာပဲ ဖြစ်ပါတယ်။ cross တက်တူးအသေးလေး ကို သူ့ညာဘက်မျက်လုံးအောက်နားလေးမှာ ထိုးလိုက်တာပါ။ 
 
ဒါနဲ့ပတ်သက်ပြီး သူ့ကိုထိုးပေးခဲ့တဲ့ တက်တူးဆရာကတော့ "ညဘက်ကြီး တက်တူးစတူဒီယိုကို ဂျက်စတင်ဘီဘာ ရောက်ချလာပြီး သူ့မျက်လုံးနားမှာ လက်ဝါးကပ်တိုင်ပုံ cross သေးသေးလေးထိုးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒါက ဘာကိုကိုယ်စားပြုသလဲဆိုတော့ သူဆက်သွားရမယ့် ခရီးလမ်းကို ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့အတူ သွားမယ်ဆိုတဲ့ သဘောပါ"တဲ့။
 
ခုလက်ရှိမှာ ဂျက်စတင်ဘီဘာဟာ တက်တူးအခုပေါင်း ၅၀ကျော်ကို ရေးထိုးထားခဲ့ပြီး လူသိများတဲ့ တက်တူးတွေကတော့ သူ့နောက်ကျော အတောင်ပံပုံနဲ့ ရင်ဘတ်က လက်ဝါးကပ်တိုင်ပုံတွေပဲ ဖြစ်ပါတယ်။
 
Ref:shefinds
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.