ကျောင်းသားများ စာခိုးချဖို့ Spy မျက်မှန်တွေ အသုံးပြု နေ

cbc29268ec65fc162c7dffcf96086556.jpg

ထိုင်းနိုင်ငံ ထိပ်တန်းဆေးပညာဆိုင်ရာကောလိပ်ကျောင်းတစ်ခုမှ စာမေးပွဲအတွင်း စမတ်လက်ပတ်နာရီတွေနဲ့ ချိတ်ဆက်ထားတဲ့ spy ကင်မရာတွေ အသုံးပြုနေတာကို ဖမ်းမိခဲ့ပါတယ်။ ကင်မရာတွေကို ဘယ်နေရာမှာ တပ်ထားသလဲဆိုတော့  သူတို့ရဲ့ မျက်မှန်တွေမှာ တပ်ဆင်ထားခဲ့ကြတာပါ။

Rangsit University ကျောင်းအုပ် Arthit Ourairat က အဆိုပါနည်းပညာမြင့်စာခိုးချကိရိယာရဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ကာ အဲဒီလျို့ဝှက်ကြံစည်မှု ရှာဖွေတွေ့ရှိမှုအပြီး အဆိုပါ ဝင်ခွင့်စားမေးပွဲ အစီအစဉ် ပျက်သွားပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

ကျောင်းသားသုံးယောက်မှ အဖြေတွေကို စမတ်နာရီသို့ ပေးပို့ပေးမယ့် အမည်မသိ လူတစ်စုဆီ ဓာတ်ပုံတွေ ပေးပို့ဖို့ frame ထဲ လျို့ဝှက်တပ်ဆင်ထားတဲ့ ကြိုးမဲ့ကင်မရာနဲ့ မျက်မှန်တွေ အသုံးပြုခဲ့ပါတယ်။

ယင်းကိရိယာပစ္စည်းနဲ့ အဖြေလွှာအတွက် အဲဒီကျူတာအုပ်စုကို အဲဒီကျောင်းသား (၃) ယောက်က ဘတ် ၈၀၀,၀၀၀ (ဒေါ်လာ ၂၃,၀၀၀) စီ ပေးဆောင်ခဲ့ကြောင်း Arthit က ဆိုပါတယ်။

ဒါပေမယ့် ၄င်းအုပ်စုက အချိန်နဲ့ တစ်ပြေးညီ မဖြစ်ခဲ့ဘူးလို့ Arthit ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကျောင်းသားတွေ နာမည်ပျက်စာရင်း ထည့်သွင်းခံလိုက်ရပြီဖြစ်ကြောင်း ထိုင်းရဲ့ Channel 3 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

Ref: AFP 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.