ပရိသတ်တွေနဲ့ ဓါတ်ပုံ တွဲမရိုက်တော့ဘူးဆိုတဲ့ ဂျက်စတင်ဘီဘာ

justin_bieber_2015_2.jpg
သင်နေထိုင်ရာ မြို့တော်ရဲ့  တိရိစ္ဆာန်ရုံမှာရှိတဲ့ ဆိုင်ဘေးရီးယန်း ကျား တစ်ကောင်နဲ့ အဆိုတော် ဂျက်စတင်ဘီဘာ တို့ဟာ တူညီတဲ့အချက်တွေရှိနေပါတယ်။ အဲဒါကတော့ သူတို့ဟာ သင်ဓါတ်ပုံရိုက်နေတာကို မကြိုက်ကြပါဘူး။
ဂျက်စတင်ဘီဘာ ကိုယ်တိုင် ဖွင့်ဟ ပြောပြလာတာတစ်ခုကတော့ သူ့အနေနဲ့ သူ့ပရိသတ်တွေအပေါ် အကြွေးတင်ထားခြင်း မရှိပါဘူး ၊ အထူးသဖြင့် ပရိသတ်တွေ သူ့ကို ဓါတ်ပုံရိုက်ကြတဲ့အခါမှာ မတ်တပ်ရပ်နေပေးဖို့ တာဝန်မျိုးလည်း မရှိဘူး လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။
 
“ကျွန်တော် တိရိစ္ဆာန်ရုံက အကောင်တစ်ကောင် လို ခံစားနေရတယ်။ ကျွန်တော် ဆင်ခြင်တုံတရား ထားရှိချင်ပါတယ်” လို့ ဂျက်စတင်ဘီဘာက ဆိုပါတယ်။ ဂျက်စတင်ဘီဘာရဲ့  ပြောကြာချက်အရတော့ ပရိသတ်တွေဟာ သူနဲ့ ဓါတ်ပုံတွဲရိုက်ဖို့ ချဉ်းကပ်လာကြတဲ့အခါမှာ “ငါတို့ မင်း အယ်လ်ဘမ်ကို ၀ယ်ထားတယ်လေ” ဆိုတဲ့ စကားမျိုးတွေနဲ့ ချဉ်းကပ်လာကြတယ်လို့ သိရပါတယ်။
 
အဲဒီချဉ်းကပ်မှုတွေအတွက် သူတုံ့ပြန်ခဲ့တာကတော့ “မင်းတို့ ပိုက်ဆံပေးထားတဲ့အရာအတွက် မင်းတို့ ရရှိပြီးပါပြီ။ အယ်လ်ဘမ် တစ်ချပ်ပါ။ အဲဒါက ငါ့ကိုတွေ့တာနဲ့ ဓါတ်ပုံတစ်ပုံ ပါ တွဲရိုက်ခွင့်ရှိတယ်လို့ မဆိုလိုပါဘူး” ဆိုတဲ့ စကားပဲ ဖြစ်တယ်လို့ ဘီဘာ က ဆိုပါတယ်။
 
Ref:tmz
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.