ဂီတပွဲတော်တွေမှာ ကခုန်ခြင်းဟာ ကယ်လိုရီတွေ လောင်ကျွမ်းစေ တဲ့ ကောင်းကျိုးကိုရရှိနိုင်

music-festival-street-style.jpg
ပွင့်လင်း ရာသီ ရောက်ချိန်ဆိုရင် လူငယ်တွေအတွက် ပျော်ရွှင်စရာတွေ အများကြီး ရှိလာပါတယ်။ အဲဒါတွေ ကတော့ ဂီတ ပွဲတော်တွေပါပဲ။ တစ်နည်းအားဖြင့် ရှိုးပွဲတွေလို့လည်း ခေါ်ကြပါတယ်။ အမြင်ကျဉ်းမြောင်းသူ တွေကတော့ အဲဒီလို ရှိုးပွဲ တွေသွားတာဟာ ဘာကောင်းကျိုးမှ မရှိတဲ့ လုပ်ရပ် သာဖြစ်တယ်လို့ မြင်ကြပါတယ်။ 
 
တစ်ကယ်တော့ ဂီတပွဲတော်တွေ သွားရောက် ပျော်ပါး ကခုန်ခြင်းဟာ ကျန်းမာရေးကောင်းကျိုးတစ်ခု ပြန်လည်ရရှိစေပါတယ်။ အဲဒါကတော့ ကယ်လိုရီ တွေ လောင်ကျွမ်းစေနိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ အဆိုတော် ၊ DJ တစ်ယောက်ယောက်ကို အားပေးပြီဆိုရင် ကိုယ် ကျွမ်းကျင်တဲ့ ကခုန်နည်းတွေနဲ့ အသားကုန် အားပေးလေ့ရှိကြပါတယ်။ အဲဒီ ကခုန်ခြင်းတွေထဲမှာမှ Shuffle လို့ခေါ်တဲ့ ကနည်းဟာ တစ်နာရီကို ၃၆၁ ကယ်လိုရီ လောင်ကျွမ်းစေပြီး ဒူးကိုကွေးညွှတ်ကာ တင်ပါးကို ဆက်တိုက်လှုပ်ခါရတဲ့ Twerking ဆိုတဲ့ ကခုန်နည်းအတွက်ကတော့ တစ်နာရီကို ၃၉၀ ကယ်လိုရီ လောင်ကျွမ်းစေနိုင်တယ်လို့ Elite Daily သတင်းဌာနက ဖော်ပြထားပါတယ်။
 
စတိတ်စင်ကို မမြင်ရတဲ့ သူငယ်ချင်းကို ပခုံးပေါ်ထမ်းတင်ပြီး ကခုန်တဲ့သူတွေအတွက်ကတော့ တစ်နာရီကို ၄၀၈ ကယ်လိုရီ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ပခုံးပေါ် ထမ်းတင်ဖို့တော့ သူငယ်ချင်းကို အားနာပြီး ကိုယ်တိုင်လည်း စတိတ်စင်ကို မမြင်ရလို့ ခြေဖျားထောက်ကြည့်ရှုကာ စည်းချက်နဲ့ အညီ ယိမ်းနေတတ်သူတွေအတွက်တော့ တစ်နာရီကို ၂၀၄ ကယ်လိုရီ လောင်ကျွမ်းသွားစေနိုင်ပါတယ်။
 
Hula Hooping လို့ခေါ်တဲ့ ခါးကို ၀ိုက်ပြီး ကခုန်နည်းကတော့ တစ်နာရီကို ၄၃၂ ကယ်လိုရီ လောင်ကျွမ်းစေသလို ရော့ခ် ဆန်ဆန် ကခုန်တတ်သူတွေရဲ့  ဆံပင်ကိုခါယမ်းပြီး ခုန်ပေါက်ခြင်းကတော့ ၆၂၅ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ ပွဲတော်အတွင်း သာမန်လမ်းလျှောက်တာမျိုးကတော့ အားလုံးသိထားတဲ့အတိုင်းပဲ တစ်နာရီကို ၂၈၆ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဂီတပွဲတော်တစ်ခုမှာ လာရောက်ကြည့်ရှုသူတွေဟာ ပျမ်းမျှ ၅ နာရီခန့် လမ်းလျှောက်ကြရပါတယ်။ 
 
ကဲ… ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ အနီးဆုံးကျင်းပမယ့် ဂီတပွဲတော်အတွက် လက်မှတ်ဝယ်ထား လိုက်ကြပါစို့။
Ref:metro.co.uk
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.