Abu Dhabi မှာ ပြသခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ်

13177829_1207542395953245_3035516885521932025_n.jpg

စိန်ရွှေရတနာဆိုင်ရှင်တွေဟာ International Jewelry and Watch Show (JWS) ရဲ့ ၂၄ ကြိမ်မြောက်ကျင်းပတဲ့ အစီအစဉ်မှာ ကမ္ဘာ့အကြီးမားဆုံး ရွှေလက်စွပ် ဂုဏ်ပုဒ်ရရှိပြီး ခမ်းနားတဲ့ ရွှေလက်စွပ်တစ်ခုအပါအဝင် သူတို့ရဲ့ ခမ်းနားထည်ဝါလှတဲ့ လက်ဝတ်ရတနာတွေကို စင်တင်ပြသဖို့အတွက် ကျန်ခဲ့တဲ့အပတ်က Abu Dhabi မှာ စုရုံးရောက်ရှိခဲ့ကြပါတယ်။

အဖိုးတန်ကျောက် ၅.၁ ကီလိုဂရမ်ပါဝင်တဲ့ ယင်းရွှေလက်စွပ်ဟာ ၆၄ ကီလိုဂရမ်နီးပါး အလေးချိန်ရှိပြီး အလုပ်သမား ၅၅ ယောက်က ၄၅ ရက်ကြာအချိန်ယူ စီစဉ်ထုတ်လုပ်ခဲ့ကြပါတယ်။ ယင်းကြော်ငြာထားတဲ့ ပစ္စည်းကို ဒူဘိုင်းအခြေစိုက်ကုမ္ပဏီ Taiba မှ ပိုင်ဆိုင်ထားတာပါ။ သူ့ကို Najmat twins or star of Taiba လို့ အမည်ပေးထားပါတယ်။

အဆိုပါလက်စွပ်မှာ ၂၀၀၀ ခုနှစ်က $547,000 သာ တန်ဖိုးရှိခဲ့ပေမယ့် အခုအချိန်မှာတော့ $3 million တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကြီးမားတဲ့ လက်ဝတ်လက်စားတွေအပြင် ဒီနှစ်ရဲ့ JWS ဟာ AEU က အမျိုးသားလက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲ national jewelry design competition ဖြစ်တဲ့ EBDA'A award စတုတ္ထအကြိမ်မြောက်အစီအစဉ်ရဲ့ ဆုရရှိသူကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ အနိုင်ရရှိသူမှာ နောက်နှစ် Las Vegas မှာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာလက်ဝတ်ရတနာပြပွဲမှာ ပါဝင်ခွင့်ရရန် မျှော်လင့်ထားပါတယ်။ 

Ref: CCTVNews

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.