ခန္ဓာကိုယ်အနံ့အသက် ထွက်စေတဲ့ အရာများ

bbs8mon.jpg

ကိုယ်အနံ့ပြင်းတဲ့သူနား ရောက်သွားရင် လူတိုင်း နှာခေါင်းရှုံ့တတ်ကြပါတယ်။ ဘာ့ကြောင့်ခုလို ကိုယ်နံ့ပြင်းရသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ လူအများစု မသိကြပါဘူး။  ဆေးအဖြစ် စားသုံးနေတဲ့ ကစီဓာတ် ပမာဏကဲ့သို့ မျှော်လင့်မထားတဲ့အရာတွေဟာ ကိုယ်အနံ့အသက် ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်နေပါတယ်။

အစပ်အစားအစားများ

အစပ်အစားအစာတွေက စူးရှတဲ့ရနံ့တွေ ဖြစ်စေပါတယ်။ အနံ့က ချွေးပေါက်တွေထဲ ရစ်ဝဲနေပြီး တစ်ခါစားရင် ရက်အနည်းငယ်ထိ ရှိနိုင်ပါတယ်။ ကိုယ်အနံ့အသက်ဖြစ်စေရုံတင်မက ခံတွင်းအနံ့ဆိုးပါထွက်စေပါတယ်။

ငါး

ငါးက ကျန်းမာရေးကောင်းကျိုးအပြည့်အဝရှိပေမယ့် လူကို နံဟောင်စေပါတယ်။ ငါးအများစုမှာ b-complex vitamin choline ပါဝင်ကြတယ်။ အဲဒါက ငါးညှီနံ့ဖြစ်စေပြီး ငါးစားပြီးနောက် ၂၄ နာရီခန့် ချွေးထဲ အောင်းနေတတ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ပြင်းထန်စူးရှတဲ့ အနံ့အသက် ဖြစ်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီတော့ ကြက်သွန်ဖြူ စားထားမိတယ်ဆိုရင် ကြက်သွန်ဖြူနံ့က ချွေးပေါက်ကတဆင့် တန်းထွက်တတ်တဲ့အတွက် ချွေးထွက်စေမယ့် ဝန်းကျင်နေရာမှာ မနေပါနဲ့။ ဒီ အနံ့မထွက်အောင် လုပ်နည်းက ကြက်သွန်ဖြူလုံးဝမစားဖို့ပါပဲ။

ချွေးနံ့ပျောက်ဆေးတစ်ခုတည်းသာ အသုံးပြုခြင်း

ချွေးနံ့ပျောက်ဆေးက ယာယီဖြေရှင်းနည်းတစ်ခုသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ချွေးမထွက်အောင်တော့ သူက တားဆီးမပေးနိုင်ပါဘူး။

အနီရောင်ရှိတဲ့ အသားများ

အနီရောင်အသားတွေက ခန္ဓာကိုယ်အနံ့ဆိုး ဖြစ်ပွားနိုင်ခြေရှိပါတယ်။ ခံတွင်း အနံ့ထွက်ခြင်း၊ ချွေးထွက်ခြင်းနဲ့ အလေးသွားချင်စိတ်ဖြစ်စေနိုင်တဲ့ အရာတွေပါပဲ။

ဆီးချိုရောဂါ

Diabetic ketoacidosis က ဆီးချိုရောဂါ မကုသပဲ ထားသူတွေကြား ဖြစ်နေကျ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ အင်ဆူလင်ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်မှာ ketones တဖြည်းဖြည်း များလာပါတယ်။ ဒါက ခန္ဓာကိုယ်အနံ့အသက် ပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်။

ကညွတ်

ကညွှတ်မှာ အစာခြေစနစ် ပျက်ပြားစေပြီး အနံ့စူးရှတဲ့ အစိတ်အပိုင်းအဖြစ်သို့ ပြောင်းလဲစေသော ဆာလ်ဖာဒြပ်တစ်မျိုးဖြစ်တဲ့ mercaptan ပါဝင်ပါတယ်။ ဒါ့ကြောင့် ကညွတ်စားပြီးနောက် အိမ်သာပြေးပြီး ဆီးတွေ နံဟောင်နေတာ သိကောင်း သိပါလိမ့်မယ်။

ဖျားနေခြင်း

နာမကျန်းဖြစ်ခြင်းက ကိုယ်အနံ့အသက် ပြောင်းလဲစေနိုင်ပါတယ်။ 

Ref: MSN 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.