အနောက်တိုင်း ဂဏန်းဗေဒင်ကပြောတဲ့ သင့်အမည်

zodiac_sign.jpg
ဂဏန်းဗေဒင်ပညာက ကိန်းဂဏန်းတွေနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုတွေကိုလေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ နာမည် တစ်လုံးမှာဆိုရင် ကိုယ့်နာမည်ထဲမှာရှိတဲ့ သရစကားလုံးတွေက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ပညာရှင်တွေကဖော်ပြထားပါတယ်။ ဒါကြောင့် နာမည်ထဲက သရစကားလုံး (a,e,i,o,u)တွေ အားလုံးကိုပေါင်းပြီး ရလာတဲ့ဂဏန်းက ကိုယ့်ရဲ့ ကံကြမ္မာကို သတ်မှတ်ပေးတဲ့ ဂဏန်းလို့ ဆိုရပါမယ်။ ဒီလိုပေါင်းတဲ့အခါမှာ a =1,e=2 , i=3 ,o =4,u=5 လို့ယူပြီး ဂဏန်း အားလုံးကို တစ်လုံးထဲရသည်အထိ ပေါင်းရပါမယ်။
 
ဥပမာ သင့်နာမည် အားလုံးပေါင်းခြင်း 99 ရတယ်ဆိုပါစို့။  99=9+9=18 ရရင် 1 +8 =9 အထိရောက်အောင် ဆက်ပေါင်းရတဲ့အတွက် သင့်နံပါတတ်က 9 ဂဏန်းဖြစ်ပါတယ်။
 
၁ ဂဏန်း – ခေါင်းဆောင်နိုင်ခြင်းနဲ့ အင်အားပြည့်ဝခြင်းကို ပြပါတယ်။တိုးတက်နိုင်ချေ အများကြီးရှိသလိုထူးခြားတဲ့ ဖန်တီးနိုင်စွမ်းအပြည့်ရှိပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ ယုံကြည်ချက်တွေကကိုယ်ချင်းစာစိတ်နဲ့ တယူသန်မထားတဲ့ အမြင်တို့နဲ့ ပေါင်းစပ်မှ အန္တရာယ်မပေးနိုင်တဲ့ အောင်မြင်မှုရပါလိမ့်မယ်။
 
၂ ဂဏန်း – ဒေါသဖြစ်နေတဲ့ လူတွေကြားမှာ အမြဲဖျန်ဖြေပေးနိုင်တဲ့ အစွမ်းရှိတယ်။ ချီးကျုးခံရဖို့ အသိအမှတ်ပြုခံရဖို့တွေကိုသိပ်အလေးမထားတတ်ပေမဲ့ သူများအတွက် အရမ်းစဉ်းစားပေးတတ်တဲ့အတွက် ကိုယ့်အတွက် အလွယ်တကူ ပြဿ       နာတောထဲရောက်နေစေတာကို ရှောင်ကြဉ်နိုင်ဖို့ လိုပါလိမ့်မယ်။
 
၃ ဂဏန်း-စွန့်စားရတာကို ကြိုက်တဲ့သူဖြစ်မယ်။ အပြောကောင်းသူဖြစ်မယ်။တခါတလေအယူသည်းတာ၊အာရုံစူးစိုက်မှု မရှိတာတွေ ဖြစ်တာကလွဲရင် လူတွေကသင့်ရဲ့ ရင်းနှီးလွယ်တဲ့ အမူအရာတွေကြောင့် နှစ်သက်သဘောကျမယ်။
 
၎ ဂဏန်း- သင့်မှာများပြားလှတဲ့ အစွမ်းတွေရှိတယ်။အောင်မြင်မှုကိုလိုချင်ရင်တော့ စနစ်တကျလုပ်တတ်ပြီးစိတ်ဓာတ်ခိုင်မာဖို့ အရမ်းအရေးကြီးပါတယ်။ သူများဆွဲဆောင်တိုင်းအလွယ်တကူမျောပါမသွားဖို့ ခံနိုင်ရည်ရှိရမယ်။
 
၅ ဂဏန်း- စွယ်စုံရပြီး အလေ့အကျင့်အသစ်တွေကို အလွယ်တကူကျင့်သုံးတတ်တယ်။ အသစ်အဆန်းတွေကို လေ့လာရတာ စိတ်ဝင်စားတယ်။ဂနာမငြိမ်ဖြစ်တတ်တာနဲ့ စိတ်မရှည်တာက ကိုယ့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ တစ်ခုခုမှာ စွဲမြဲပြီး မလုပ်တတ်၊ တစ်နေရာတည်းမှာ စွဲမြဲပြီး မနေတတ်တာကြောင့် အမှားလေးတွေ မကြာခဏ လုပ်မိလေ့ရှိတတ်တယ်။
 
၆ ဂဏန်း- အချစ်ရေး၊ပေါင်းသင်းဆက်ဆံရေးတွေမှာ အရမ်းကျွမ်းကျင်မယ်။အများသဘောကျတာကို ခံရမယ်။တစ်ချိန်တည်းမှာပဲ ဝေဖန်တတ်လွန်းတဲ့အတွက် လူတစ်ချို့ရဲ့ အမြင်မှုကို ခံရမယ်။ကိုယ့်ရဲ့ အရည်အချင်းကို အများအကျိုးအတွက် အသုံးပြုနိုင်ရင် ပိုကောင်းမှာ ဖြစ်ပါတယ်။
 
၇ ဂဏန်း-ကြည့်လိုက်တာနဲ့ ပညာရှိမဲ့အသွင်၊စဉ်းစားမြော်မြင်တတ်မဲ့ ပုံပေါ်တယ်။အခက်အခဲတွေ ပြဿနာတွေကို မကြောက်ဘဲ ဖြေရှင်းနိုင်တယ်။တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့စိတ်မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် လူမုန်းခံရတာ မရှိဘဲ အောင်မြင်မှာ ဖြစ်ပါတယ်။
 
၈ ဂဏန်း-မွေးရာပါ စီးပွားရေး ပညာရှင်လို့ ဆိုရအောင် စီးပွားရေးအအကွက်မြင်တယ်။စီမံခန့်ခွဲမှု ကျွမ်းကျင်မယ်။ လက်တွေ့ကျလွန်းပြီး ဟန်မဆောင်တတ်တဲ့အတွက် ကြမ်းတမ်းတယ်လို့ လူတွေက သတ်မှတ်ခံရတတ်တယ်။ရည်မှန်းချက် ကြီးလွန်းအားကြီးတယ်။
 
၉ ဂဏန်း-ကိုယ့်အနားမှာ ရှိတဲ့လူတွေအတွက် အကိုကြီး /အမကြီးတစ်ယောက်ပုံစံဖြစ်နေမယ်။ ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးယဉ်ဆန်တယ်။စိတ်ကူးကောင်းပေမဲ့ လက်တွေ့အကောင်အထည် ပေါ်လာဖို့ကိုတော့ ကြိုးစားမှ ရလိမ့်မယ်။ တခြားသူတွေရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ ထောက်ပံ့ပေးရုံနဲ့ကျေနပ်မနေဘဲ ကိုယ်ကိုယ်တိုင်အတွက်လည်း ရည်မှန်းချက်ကြီးကြီးထားပြီး တွန်းအားပေးသင့်တယ်။
 
Ref:higherperspectives
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.