အလွန် ပင်ပန်းနွယ်နယ်ခြင်းဟာ အရက်မူးခြင်းကဲ့သို့ ဆိုးရွားတဲ့ သက်ရောက်မှုမျိုးရှိလာစေနိုင်

sleepycouple_illustration_libertyantoniasadler_formetro.png
သင်ဟာ ပင်ပန်းနွမ်းနယ်တဲ့အခါမှာ သင့်ရဲ့  အလုပ်ထဲမှာရော  ၊ မိသားစု ကိစ္စတွေမှာပါ ထိခိုက်မှု မရှိဘူးလို့ ထင်ထားတာဟာ မှားယွင်းနေတယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အများစုဟာ ပင်ပန်းလာတဲ့အခါမှာ အရက်မူးသလို ဖြစ်သွားကြတယ်လို့ သုတေသီတွေက အဖြေထုတ်ပေးလိုက်ပါတယ်။
 
မီချီဂန် တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေဟာ စမတ်ဖုန်း အက်ပလီကေးရှင်း တစ်ခုကို အသုံးပြုပြီး နိုင်ငံပေါင်း ၁၀၀ ကျော်ကနေ ဒေတာ အချက်အလက်တွေ ကောက်ယူခဲ့ကြပါတယ်။ အဲဒီက တဆင့် လူပေါင်းများစွာဟာ လူမှုရေး ဖိအားတွေကြောင့် အိပ်ယာဝင်ချိန်တွေ နောက်ကျနေကြတယ်ဆိုတာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို အိပ်ရေးမ၀ခြင်းက စတဲ့ ပင်ပန်းမှုတွေဟာ ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ သုတေသီတွေက သတိပေးခဲ့ကြပါတယ်။
 
သုတေသီတစ်ယောက်ဖြစ်တဲ့ Olivia Walch က "သင်ဟာ အရက်မူးတဲ့အခါမှာ ဘယ်လောက် အိပ်အိပ် အိပ်ရေးမ၀ ဖြစ်တတ်ပါတယ်။ သုတေသီတွေ တွေ့ရှိခဲ့တာက အလွန်ပင်ပန်းနွမ်းနယ်နေခြင်းဟာလည်း အလားတူ သက်ရောက်မှုမျိုးတွေ ရှိလာစေပါတယ်။ စိတ်ပူစရာ ဖြစ်နေတာ တစ်ခုက လူတွေဟာ ပင်ပန်းနေတဲ့အချိန်မှာလည်း အလုပ်တွေ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်လို့ ထင်နေကြတာပါ။ သင့်ရဲ့  လုပ်ဆောင်မှုတွေ ဖြစ်သွားပေမယ့်လည်း လုပ်ဆောင်မှုတွေအပေါ် သိမြင်နားလည်မှုတော့ရှိမှာ မဟုတ်ပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။
 
Ref:metro.co.uk
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.