ကမ္ဘာ့အကြီးဆုံး အဝေးကြည့်မှန်ပြောင်း တရုတ်စမ်းသပ်မယ်

13133123_1207529612621190_4677733880044026320_n.jpg

ကမ္ဘာ့အကြီးဆုံး ရေဒီယို အဝေးကြည့်မှန်ပြောင်း (FAST) တည်ဆောက်မှု ပြီးဆုံးလုနီးပါးဖြစ်ပြီး စမ်းသပ်မှုအဆင့်ကို မကြာမီ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ FAST ကို နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုတွေ၊ ဝေဟင်ထောက်လှမ်းမှု၊ တခြားဂြိုလ်မှ သက်ရှိဘဝရှာဖွေဖို့နဲ့ တခြားကိစ္စရပ်တွေ စူးစမ်းလေ့လာဖို့အတွက်   ကမ္ဘာ့အလျင်မြန်ဆုံး ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ဘောလုံးကွင်း ၃၀ စာထက် ပိုမိုကြီးမားတဲ့ စလောင်းသဏ္ဍာန်နဲ့အတူ မီတာ ၅၀၀ အရွယ်အစားရှိ ကင်မရာအလင်းဝင်ပေါက် အလုံးပုံ ယင်းအဝေးကြည့်မှန်ပြောင်းကြီးဟာ တရုတ်နိုင်ငံတောင်ပိုင်း Guizhou ပြည်နယ်ရဲ့ တောင်ဘက်ရှိ သဘာဝအလျောက် ဇလုံသဏ္ဍာန်ရှိတဲ့ ချိုင့်ခွက်တစ်ခုထဲမှာ ၂၀၁၁ ခုနှစ် မတ်လထဲမှာ စတင်ဆောက်လုပ်ခဲ့တာပါ။

အလွန်ကောင်းမွန်တဲ့ မှတ်ဥာဏ်၊ တစ်မိနစ် ကွန်ပျူတာ လည်ပတ်လုပ်ဆောင်မှု တစ် quadrillion စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ Sky Eye 1 ကြောင့် အလင်းနှစ် ဘီလီယံချီ အကွာအဝေးမှ လာတဲ့ radio signal ကို မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ 

Ref: CCTVNews 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.