ချစ်တင်းနှောခြင်း ကင်းမဲ့လာတဲ့အခါမှာ သင့်ခန္ဓာကိုယ် ဘာတွေဖြစ်သွားမလဲ

loving_the_wrong_guy.jpg
အများသိထားတဲ့ အကြောင်းအရာကတော့ ချစ်တင်းနှောခြင်း ပုံမှန် ပြုလုပ်ပေးရင် ကျန်းမာရေး ကောင်းကျိုး များစွာ ရရှိနိုင်တယ်ဆိုတာပါ။ ဒါပေမယ့် ချစ်တင်းနှောခြင်း ကင်းမဲ့လာတဲ့အခါမှာ သင့်ကို ဘာတွေ ထိခိုက်လာနိုင်ပါသလဲ။
 
ချစ်တင်းနှောခြင်း မရှိတော့တဲ့အခါမှာ သင့်ကို စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါလာမယ် ၊ စိတ်ဖိစီးလာမယ် ၊ ပန်းသေပန်းညှိုးရောဂါ တွေဖြစ်လာမယ် ၊ အစရှိတာတွေဟာ ချစ်တင်းနှောခြင်းကင်းမဲ့လာမှုရဲ့  နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
 
သုတေသန မြောက်များစွာအရတော့ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ် ချစ်တင်းနှောခြင်းဟာ စိတ်ခံစားမှု ကောင်းမွန်စေခြင်း ၊ သွေးဖိအား လျော့နည်းစေခြင်း ၊ ခုခံအားစနစ် ပိုမိုကောင်းမွန်စေခြင်း ၊ စိတ်ဖိစီးမှု နည်းပါးစေခြင်း ၊ အချစ်ရေးမှာ ရင်းနှီးမှု ပိုမို ရှိလာစေခြင်း စတဲ့ ကောင်းကျိုး အချို့ ကို ရရှိလာစေနိုင်တယ်လို့ သိရှိရပါတယ်။
 
ဒါကြောင့် ချစ်တင်းနှောခြင်း ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အိမ်ထောင်သည်တွေဟာ အားလုံးထက် ကျန်းမာနေ လေ့ရှိတာကို တွေ့ရမှာပါ။ 
 
Ref:elitedaily

 

 

5 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.