၂၀၁၇ခုနှစ်မှာ ထွက်ရှိလာမယ့် Fast And Furious 8 ဇာတ်ကားကို ကျူးဘားနိုင်ငံမှာ ရိုက်ကူးနေ

1977565.jpg
ကံမကောင်းစွာနဲ့ အဓိက သရုပ်ဆောင် Paul Walker ကွယ်လွန်သွားခဲ့ပေမယ့် ကမ္ဘာကျော် ပြိုင်ကားစီးရီးတစ်ခုဖြစ်တဲ့ “Fast And Furious” ကတော့ ဇာတ်လမ်းတွဲအသစ်ကို ဆက်လက် ရိုက်ကူးနေပါတယ်။
 
အက်ရှင်ဇာတ်ကွက်တွေများပြားပြီး ၊ ပေါက်ကွဲမှု အများအပြားပါဝင်မယ့် Fast And Furious 8 ဇာတ်လမ်းကိုတော့ လက်ရှိ ကျူးဘား နိုင်ငံမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ တစ်ကယ်တော့ ကျူးဘားနိုင်ငံဟာ ကွန်မြူနစ်အုပ်ချုပ်မှု ကျွန်းစွယ်တစ်ခုဖြစ်တဲ့ အလျောက် အဓိက ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးတွေကို လာရောက်ရိုက်ကူးခွင့် ပြုလေ့မရှိခဲ့ပါဘူး။
 
Fast And Furious 8 ဇာတ်လမ်းဟာ အရင်ဇာတ်လမ်းတွေတုန်းက အဓိက ဇာတ်ဆောင်တွေဖြစ်ခဲ့တဲ့ Vin Diesel ၊ Lucas Black ၊ Michelle Rodriguez ၊ Ludacris တို့ကိုပဲ ဇာတ်ဆောင်တွေအဖြစ် ပြန်လည်ပါဝင်စေခဲ့ ပြီး ဒါရိုက်တာ Felix Gary Gray က ဟားဗားနား မြို့ မှာ လက်ရှိရိုက်ကူးနေတယ်လို့ သိရပါတယ်။
 
ကျူးဘားနိုင်ငံမှာ ပထမဆုံးအကြိမ်ရိုက်ကူးခဲ့တဲ့ Furious 8 ဇာတ်လမ်းရဲ့  ထွေလာ ဗီဒီယိုတွေကိုတော့ မကြာမီမှာ တရားဝင် ပြသသွားဖွယ်ရှိပြီး ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်လုပ် ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.