လိမ်ညာပြောဆိုသူတွေကို သိအောင် ဘယ်လိုဖော်မလဲ

adobestock_71616433-750x501.jpeg

ဘယ်သူကမှတော့ အလိမ်မခံချင်ကြပါဘူး။ တစ်စုံတစ်ယောက် အမှန် ပြောမပြော သိအောင်ကြိုးစားရတာလောက်လည်း စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ တစ်ဖက်လူ ကိုယ့်ကို လိမ်နေသလား၊ မလိမ်ဘူးလားဆိုတာကို ချွေးစိုနေတဲ့ လက်ဖဝါးတွေ ဒါမှမဟုတ် ဂနာမငြိမ်ဖြစ်ခြင်းကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် တခါတရံ သူပြောနေတဲ့ နောက်ကွယ်မှာ အဖြစ်မှန်ကို ဖော်လို့မရတဲ့ အခြေအနေတွေ ရှိပါတယ်။

တစ်ချိန်လုံး ကိုယ်နဲ့မကွာ အလိမ်ဖော်စက် ဆောင်ထားလို့ မရသည့်တိုင် တစ်စုံတစ်ယောက် လိမ်ပြော၊ မပြော သိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

Amy Cuddy အမည်ရ Harvard စိတ်ပညာရှင်တစ်ဦးက လိမ်ညာတဲ့ သဲလွန်စတစ်ခု ရှာမယ့်အစား မျက်နှာအမူအရာ၊ နှုတ်နဲ့ ကိုယ်ဟန်အနေအထား အပါအဝင် စကားပြောပုံ အမူအရာ အားလုံးတို့ရဲ့ ခြားနားချက်တွေ ကြည့်ဖို့ လိုပါတယ်။ ပြောတဲ့အကြောင်းအရာ မဟုတ်ဘဲ ဘယ်လိုပုံစံ ဘယ်လိုမျိုးဖြင့် ပြောနေလဲဆိုတာ အဓိက ဖြစ်ပါတယ်။

လိမ်လည်ပြောဆိုမှုမှာ လုပ်ဆောင်ချက်တွေ များစွာရှိပါတယ်။ တခါတလေ ဦးနှောက်ကနေ တချို့အချက်တွေ လွတ်ခနဲ ဖြစ်သွားတာမျိုး။ စိတ်တုန်လှုပ်စေတဲ့ စကားအသုံးအနှုန်းတွေ ပြောဆိုသုံးနှုန်းနေပေမယ့် ပျော်ရွှင်တဲ့ မျက်နှာပေးမျိုးစတဲ့ စိတ်ခံစားချက်နဲ့ ကွဲလွဲမှုတွေ ကြည့်ဖို့ အကြံပြုထားပါတယ်။

ဒါပေမယ့် လူအတော်များများက ပြောတဲ့ပုံစံထက် ပြောဆိုတဲ့ အကြောင်းအရာကိုပဲ ပိုအာရုံစိုက်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီအချက်က လိမ်ညာပြောဆိုသူကို ရိပ်မိဖို့ အတော်လေး ခက်ခဲစေပါတယ်။

လိမ်ညာပြောဆိုသူကို သတိပြုမိဖို့အတွက် အဲဒီလူရဲ့ အပြုအမူနဲ့ ပြောတဲ့စကားနဲ့ ဘယ်လောက် တစ်ထပ်တည်းကျသလဲ လိုက်ဖက်ညီသလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ 

Ref: Simplemost 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.