မြူးကြွတဲ့ Mood ကိုခံစားချင်တဲ့ ပရိသတ်တွေအတွက် မေ ၂၂ မှာထွက်ရှိတော့မဲ့ X-box ရဲ့ 9 အယ်လ်ဘမ်အကြောင်း

13180820_1744362965822614_629930667_n.jpg

မေ ၇ ရက်နေ့ ရွှေထွဋ်တင်မှာကျင်းပခဲ့တဲ့ Together Festival ပွဲကို ပထမဆုံးအနေနဲ့ DVBBS ကိုသွားရောက်အားပေးဖြစ်တယ်လို့ပြောပြလာသူကတော့ X-box ပါ။ X-box ဟာလာမဲ့ ၂၂ ရက်နေ့မှာ 9 ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို စတင်ဖြန့်ချိတော့မှာဖြစ်သလို အဆိုပါ အယ်လ်ဘမ်နဲ့ပတ်သက်ပြီး ပရိသတ်သိချင်မယ့် အကြောင်းအရာတွေကို ပြောပြလာတဲ့အခါ  

-၂၂ ရက်နေ့မှာစတင်ဖြန့်ချိမဲ့ တစ်ကိုယ်တော်အခွေအကြောင်းလေးနဲ့ အရင်မိတ်ဆက်ပေးပါဦး။

အခွေနာမည်လေးကို အင်္ဂလိပ် အက္ခရာ 9 လို့ပေးထားတယ်။ သီချင်းအားလုံးပေါင်း ၁၄ ပုဒ်ပါဝင်မယ်။ ပရိသတ်သိပြီးသား က အွန်လိုင်းမှာဖြန့်ထားတဲ့ တစ်ဖက်သတ်ဆိုတဲ့ တစ်ပုဒ်ပဲပါမယ်။ ကျန်တာက အသစ်တွေပဲပေါ့။ ကျွန်တော်တစ်ယောက်တည်းက ၉ပုဒ်ဆိုထားတယ်။ Featuring တွေနဲ့က ၅ပုဒ်ပါတယ်။ Featuring တွေက ကိုဂျေကြီး၊ ကိုလွှမ်းပိုင်၊ မစန္ဒီမြင့်လွင်၊ နောက် Myanmar idol က ဆိုဖီယာ၊ နောက်ပြုံးမြသွင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။

-9 ဆိုပြီးပေးဖြစ်ခဲ့တာကရော ဘယ်လိုစိတ်ကူးလေးနဲ့လဲ။

အဓိကက ဘယ်လိုလဲဆိုတော့ ကျွန်တော်တစ်ယောက်တည်း ဆိုတဲ့ အပုဒ် ၉ပုဒ်ပါတာရယ်၊ အဲ့ဒီဂဏန်းလေးကို သဘောကျတာကြောင့်ရယ်၊ အားလုံးကို တွက်ကြည့်တော့ ၉ ဆိုတဲ့ နံပတ်က အရာရာကို လိုက်ပြီးတိုက်ဆိုင်နေတဲ့အတွက် ပေးဖြစ်ခဲ့တာပါ။

-တစ်ယောက်တည်းဆိုမဲ့ ကိုးပုဒ်ကရော ဘယ်လိုပုံစံတွေများမလဲ။

ဟစ်ဟော့တွေကိုမှ ပုံစံအသစ်တွေ ပါပါတယ်။ အချစ်သီချင်းကတော့ လေးပုဒ်ပဲပါပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ပုံစံနဲ့ ပရိသတ်ကို ရသအသစ်ပေးတဲ့ပုံစံလေးတွေပါတယ် အဓိက လူငယ်ပရိသတ်တွေပွဲတွေမှာ ဖြစ်ဖြစ်၊ စိတ်ပျော်ချင်တဲ့အချိန်မှာဖြစ်ဖြစ်ကျွန်တော့်အခွေက မြူးကြွတဲ့ mood တော့အများကြီးပေးမှာပါ။

-9 ဆိုတဲ့ သီချင်းကရော အခွေထဲမှာပါဦးမလား။

သီချင်းနာမည် ကိုးပေါက်ဆိုပြီး ကိုဂျေကြီးနဲ့တွဲဆိုထားတာ ပါပါတယ်။ အဲ့ဒါကလဲ ဟစ်ဟော့သီချင်းကိုမှ ရက်ပ်ပါ ဆန်ဆန်ပါပဲ။ Battle mood လေးနည်းနည်းပါတယ်။ နောက်ပါတီထဲမှာ ကဲတဲ့ အကြောင်းလေးပါ။ အဓိကက ကိုးပေါက်ဆိုတဲ့ဟာလေးကို နက်နဲအောင်ရေးထားတာထက် အရင်ကကိုဂျေကြီးနဲ့ထွက်ခဲ့တဲ့ အမြင့်ဆုံးဆိုတဲ့ သီချင်းပုံစံလေးကိုမှ Version ပြန်မြှင့်ထားတဲ့ပုံစံမျိုးပါပဲ။

-တခြား မိန်းကလေးတွေနဲ့တွဲဆိုတဲ့ အပုဒ်တွေကရော ဘယ်လိုပုံစံမျိုးလေးတွေလဲ။

စန္ဒီမြင့်လွင်နဲ့အပုဒ်ကကျတော့ အမွှေစိန်နဲ့ ငါးမွေထိုး ဆိုပြီးပေးထားတယ်။ ကိုယ်အလွဲလေးတွေ လိုက်လုပ်တဲ့ဟာလေးတွေကို သီချင်းထဲထည့်ရေးထားတယ်။ နောက်ကိုယ့်ဟာကိုယ်ကြွယ်ပြီးရေးထားတဲ့ ပုံစံမျိုးလေးပါ။ နောက်ပြုံးမြသွင်နဲ့ဆိုတဲ့ အပုဒ်ကကျတော့ ဟစ်ဟော့လို့ခေါ်တယ်။ အဲ့ဒီကလေးနဲ့ဆိုတဲ့ သီချင်းကတော့ တည်တံ့တယ်။ ဟစ်ဟော့ကို တကယ်ချစ်တဲ့ ရက်ပ်ပါတွေကြိုက်တဲ့ ပုံစံအတည်ပေါက်ကြီးကို အဲ့ဒီကလေးကိုရေးပေးထားပြီးတော့သေသေချာချာလေးကို လူကြီးဆန်ထားတဲ့သီချင်းပေါ့။

-အစ်ကိုဆိုတာတွေကအစ်ကိုပဲရေးတာလား။

ကျွန်တော်ဆိုတာတွေအပြင် မဒီးဒီနဲ့ပြုံးမြသွင်ဆိုတဲ့ဟာရယ်က ကျွန်တော်ရေးတယ်။ နောက်ကိုဂျေကြီးတို့ကိုလွှမ်းပိုင်တို့နဲ့ဆိုတဲ့ ဟာတွေကတော့ နှစ်ယောက်ပေါင်းရေးတာတွေရှိတာပေါ့။

-ပရိုမိုးရှင်းအချိန်လေးကိုလဲသိချင်ပါတယ်။

၂၂ ရက်နေ့ လှည်းတန်းစင်တာမှာ နေ့လည် ၃ နာရီကနေ ညနေ၆ နာရီထိပါ။ လာဝယ်တဲ့ ပရိသတ်တွေတိုင်းကို Limited Edition ကနေထုတ်တဲ့ ကိုးပေါက်လို့ရေးထားတဲ့ အကျီင်္မဲဖောက်ပေးမဲ့ ကူပွန်လေးတွေ ထည့်ပေးထားမယ်။ ပြီးရင် အယောက် ၅၀ ကိုမဲဖောက်ပေးမယ်။ အဲ့ဒီထက်ပိုရချင်ရင် နောက်နေ့တွေမှာပြန်ရောင်းပါမယ်။ အခွေထွက်တဲ့နေ့ကတော့ အထည် ၅၀ ပဲ။ အစက အထည် ၁၀၀ ပေးမလို့ပဲ။ ဒါပေမဲ့ Limited Edition မဖြစ်မှာ စိုးလို့ပါ။ အထည် ၅၀ ပဲ လက်ဆောင်ပေးပါမယ်။ ပြီးရင် မန္တလေးမှာတော့ ၂၅ ရက်နေ့မှာ မင်္ဂလာမန္တလေးမှာ ညနေ ၅ နာရီပါ။ မန္တလေးကတော့ ဘယ်လောက်ဖြစ်မလဲမသိသေးဘူး။ အဲ့ဒီ ကိုးပေါက် အကျီင်္ကိုလဲ Brand အနေနဲ့ဆက်ထုတ်သွားမှာပါ။

-ဒီအခွေအပြင် အခြားဂီတနဲ့ပတ်သက်ပြီး လုပ်ဖြစ်နေတာတွေရှိရင်လဲသိချင်ပါတယ်။

၂၆ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည် အခွေတစ်ခွေ ထွက်မယ်။ အဲ့ဒီထဲမှာလဲ ဟစ်ဟော့သီချင်းတစ်ပုဒ် ထည့်ထားပေးတယ်။ ပါလာပါလိ့မ်မယ်။ နောက် ၂၁ ရက်နေ့လုပ်မဲ့ ဟစ်ဟော့ရှိုးမှာလဲ ပါဝင်သီဆိုဖို့ရှိပါတယ်။ နောက် ကျွန်တော့်ခွေထွက်ပြီးရင် 4 Album အမ်တီဗီထွက်လာပါလိ့မ်မယ်။

-နေမကောင်းဘူးလို့လဲကြားလိုက်တယ်။ အဲ့ဒါကဘာများဖြစ်တာလဲ။

အခွေအတွက်နည်းနည်း အအိပ်ပျက်၊ အစားပျက်တွေဖြစ်သွားတဲ့အချိန်မှာ အားပြတ်သွားတဲ့ သဘောပါပဲ။

-4 Album အခွေထဲမှာပါခဲ့တဲ့သီချင်းတွေနဲ့ အခုထွက်မဲ့ 9 မှာပါမဲ့သီချင်းပုံစံတွေကရော အရမ်းကြီးကွာခြားနေတာမျိုးရှိမလား။

မြူးဇစ်အနေအထားပြောင်းလဲသွားမယ်။ ဒါပေမဲ့ မြူးတာကတော့ X-box လာရင်မြူးမယ်ဆိုတဲ့ mood ကတော့ သွားနေမှာပဲ။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်သလောက်တော့ ဒီအခွေမှာ ပြောင်းလဲမှုတွေ အများကြီးပေးထားတယ်လို့ယုံကြည်တယ်။ ကျွန်တော်တစ်ပုဒ်ချင်းစီ နားထောင်တဲ့အချိန်မှာ တစ်ပုဒ်နဲ့တစ်ပုဒ်က မတူဘူး။ ကျွန်တော်သဘောကျပါတယ်။ အသစ်ကြိုက်တဲ့ လူငယ်ပရိသတ်တွေနောက် 4 အခွေထွက်ပြီးကတည်းကကျွန်တော့်သီချင်းအသစ်တွေအများကြီးသိပ်မထွက်ဖြစ်တဲ့အတွက်ပရိသတ်ကို ၁၄ ပုဒ်တိတိ အလုံးလိုက်အရင်းလိုက်ပေးလိုက်တဲ့သဘောမျိုးပါပဲ။ အဲ့ဒီတော့ မရိုးအောင်ဖန်တီးထားတဲ့အတွက်ပရိသတ်တွေသေသေချာချာနားထောင်ပြီးစီးမျောပေးကြပါ။ သေချာတာက မြူးကြွတဲ့ mood ကတော့ ရမှာပါ။

-၇ ရက်နေ့က ရွှေထွဋ်တင်မှာကျင်းပခဲ့တဲ့ Together Festival ကိုသွားတာလဲတွေ့လိုက်ရတယ်။

ဟုတ်ပါတယ်။ စတူဒီယိုကနောက်ကျပြီး ပြီးတဲ့အချိန်မှာ တစ်ယောက်တည်းသွားဖြစ်လိုက်တာ ဟိုရောက်မှ ဘော်ဒါတွေနဲ့တွေ့တာပေါ့။

-ဘယ်သူ့ကိုသွားအားပေးတာလဲ။

ဒီနိုင်ငံမှာတော်တော်များများက DVBBS ကိုကြိုက်ကြတယ်။ ကျွန်တော်လဲ အဲ့ဒီဘဲ နှစ်ဗွေကိုပဲကြိုက်တာပါ။ ကျန်တဲ့သူတွေလဲ သိပ်မသိဘူး။ ဘာလို့လဲဆိုတော့ EDM ခရေစီလဲ မဟုတ်ဘူးလေ။ ခေတ်နဲ့လျော်ညီအောင် တော့အားလုံးနားထောင်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က ကလပ်သွားလေ့သွားထ မရှိတဲ့သူဆိုတော့ EDM သီချင်းအများစုကို ကျွန်တော်မသိဘူး။ DVBBS တို့တခြား Diplo တို့ဘာလို့သိတယ်။ DVBBS ကလဲ ဒီနိုင်ငံမှာပေါက်ထားတာဆိုတော့လေ။ သူတို့နှစ်ယောက်ကိုပဲ သွားအားပေးတာ ဒါပေမဲ့ နောက်ဆုံးမှ သူတို့နှစ်ယောက်က တီးတယ်။ သူတို့နှစ်ယောက်ကိုကြည့်ပြီးပွဲလဲပြီးတာပဲ။

-ပုဆိုးနဲ့တက်ပြီး တီးပြသွားတဲ့အပေါ် စိတ်ကျေနပ်မှုကရော ဘယ်လိုရှိလဲ။

ပုဆိုးနဲ့တက်ပြီးသူတို့တွေ ဗြင်းတဲ့အချိန်မှာ အောက်ကလူတွေကကောင်မလေးတွေရော၊ ယောကျာ်းလေးတွေရောက အရမ်းကိုကြိုက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက ကိုယ်တွေရဲ့ Traditional dress လေ။ အဲ့ဒီလိုဝတ်စုံကို Respect ပေးတဲ့ အနေနဲ့ဝတ်ပြီးကိုယ်တွေကို လာဖျော်ဖြေတဲ့အချိန်မှာ ပိုပြီးတော့ Warmly ပိုဖြစ်တာပေါ့။ ရိုးရိုး တီရှပ်တွေနဲ့လက်မြှောက်ထားလို့ပြောတာထက် ပုဆိုးဝတ်ပြီးလက်တွေမြှောက်ထားဆိုပြီးအောက်ကလူတွေကိုခေါ်တာက Feel ချင်းမှ မတူဘူး။ သူတို့နဲ့ကလဲ မြန်မာပရိသတ်က အရမ်းရင်းနှီးထားတယ်။ EDM ခရေစီတွေက သူတို့ကိုအရမ်းကြိုက်ကြတယ်။ ဒီ DVBBS က မြန်မာနိုင်ငံကိုလာတယ်။ မြန်မာဝတ်စုံဝတ်တယ်။ အောက် က YEEZY ကြီးနဲ့စင်ပေါ်တက်ခုန်တော့ အောက်က ပရိသတ်က အရမ်းချစ်သွားကြတယ်။ ပြီးတော့ ရွှေတိဂုံဘုရားမှာ သူတို့နှစ်ယောက် ရိုက်ထားတဲ့ပုံလေးကလဲ အွန်လိုင်းမှာတော်တော်ပြန့်သွားတယ်။ နောက်တစ်ကြိမ်လာလဲ ဒီနိုင်ငံရဲ့ အချစ်တွေကတော့ ရနေမှာပါ။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်အဲ့ဒီလို အကွက်လေးလုပ်သွားတာအရမ်းသဘောကျပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.