အရွယ်ရောက်ပြီးသား အမျိုးသားကို ၆ နှစ်အရွယ် ကလေးမှတ်လို့ ပွေ့ချီမိတဲ့ UK စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်

ch1odsgwmaa4b8r-940x580.jpg

ယူကေနိုင်ငံမှ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ ဗီယက်နမ်နိုင်ငံမှာ "စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များ ညီလာခံ" ကျင်းပနေစဉ်အတွင်း ၄၆ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးကို ကလေးမှတ်ပြီး ဓာတ်ပုံရိုက်ဖို့ ပွေ့ချီခဲ့လို့ အရှက်ကွဲခဲ့ပါတယ်။

အမျိုးသမီးသုံးအတွင်းခံ ကုမ္ပဏီ Ulimo တည်ထောင်သူ Michelle Mone က ညီလာခံအတွင်း ယင်းအမျိုးသားက ပန်းတွေပေးဖို့ သူမဆီ လာနေစဉ် သူမဟာ စင်မြင့်ပေါ်မှာ ရှိနေခဲ့ပါတယ်။

သူ့ကို ကလေးတစ်ယောက် ထင်မှတ်ပြီး Moneက သူမ တင်ပါးပေါ် ပွေ့ချီလိုက်ကာ လူ ၃,၀၀၀ ခန့် ရှေ့မှာ ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲဒီလူရဲ့ ဇနီးက "အဲဒါ ကျွန်မယောက်ျားပါ" လို့ အော်လိုက်မှ သူမအမှားကို သူမသိရှိခဲ့ပါတယ်။

၄၄ နှစ်ရှိပြီ ဖြစ်တဲ့ Mone က အဲဒီအမျိုးသားကို ပွေ့ချီနေတဲ့ ဓာတ်ပုံတွေ Twitter မှာ တင်ပြီး အင်မတန် ပျော်စရာကောင်းတယ်လို့ သူအပါအဝင် လူတိုင်း ယူဆခဲ့ကြတယ်လို့ ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။

နီကိုတင်းကြောင့် သူသွားတွေ ဝင်းဝါလျက် အရောင်စွန်းထင်းနေတော့ တစ်ခုခုမှားနေပြီလို့ တွေးလိုက်မိတယ်လို့ Mone က The Mail ကို ပြောပြခဲ့ပါတယ်။ သူက ဘာစိတ်အနှောင့်အယှက်မှ မရှိခဲ့ဘဲ အခန်းတစ်ခုလုံး ရယ်သံတွေနဲ့ ဟိန်းထွက်သွားခဲ့ပါတယ်။

အဲဒီအမျိုးသားရဲ့ ခန္ဓာကိုယ်သေးငယ်နေခြင်းနဲ့ ပတ်သက်လို့တော့ ဘာရှင်းလင်းချက်မှ မရှိခဲ့ပါဘူး။  

Ref: Asiancorrespondent

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.