အိမ်ထောင်ရေးပျော်ရွှင်မှု စစ်တမ်းလွှာ

couple_holding_hands_9_4.jpg
အိမ်ထောင်တစ်ခုမှာ နေ့စဉ်နဲ့အမျှ စာမေးပွဲဖြေသလို ကိုယ့်အချစ်ပမာဏကို စစ်ဆေးနေမယ့် အခြေအနေမျိုး ရင်ဆိုင်နေရတယ်ဆိုတာကို သင်လက်ခံနိုင်ပါသလား။ ဘယ်လောက်ချစ်ကြိုက်လို့ လက်ထပ်ထားကြတဲ့စုံတွဲတွေ ဖြစ်ပါစေ ရန်ပွဲတွေ၊ဒေါသတွေမဖြစ်ကြပါဘူးလို့ ထင်ပါသလား။ ဒီလို အခြေအနေမျိုးတွေကို ကျော်ဖြတ်ပုံနည်းလမ်းတွေက အချစ်နဲ့ နားလည်မှု၊ ယုံကြည်မှုတွေပေါ်မှာ အများကြီး မူတည်နေပါတယ် ။ဒီစစ်တမ်းလေးကို ဖြေကြည့်လိုက်ခြင်းအားဖြင့် သင်တို့အိမ်ထောင်ရေးက အချစ်ရေးအခြေအနေကို တစ်စွန်းတစတော့ သိရှိသွားစေမှာ ဖြစ်ပါတယ်။ သင်ရရှိတဲ့ အမှတ်ရာခိုင်နှုန်းက သင့်အိမ်ထောင်ရေးရဲ့ ပျော်ရွှင်မှုရာခိုင်နှုန်းကို ပြသပေးသလို အချစ်ပမာဏကိုလည်း ပြသပေးနိုင်ပါတယ်။ ဒီစစ်တမ်းရဲ့ စုစုပေါင်း ရမှတ်ကတော့ အမှတ် ၁၀၀ ဖြစ်ပါတယ်။
 
၁)လင်မယားချင်း စကားများတယ်။ သူရဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကြောင့် ဒေါသထွက်ခဲ့တယ်။
ဒါပေမဲ့ သူ့ဘက်က ကိုယ်နဲ့ပြေလည်ဖို့ ပြန်ကြိုးစားတဲ့အခါ သင့်ရဲ့ တုန့်ပြန်မှုက-
 
ကိုယ့်ဒေါသ မပြေမချင်း ဆက်ပြီး ရန်ဖြစ်နေခဲ့တယ်-( ၁၀မှတ် နှုတ်)
သူတောင်းပန်တာကို ချက်ချင်းလက်ခံခဲ့တယ်။ကြာကြာစိတ်ဆိုးဒေါသထွက်နေလို့ ဘာမှထူးပြီး ကောင်းမလာဘူးဆိုတာ သိတယ်။ချက်ချင်းပဲ ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်သွားတယ်(၁၀မှတ် ပေါင်း)
 
၂)သူ့မှာ ငွေအခက်အခဲ အရမ်းဖြစ်နေလို့ သင့်အကူအညီလိုအပ်နေတဲ့အခါ-
 
ဒါသူ့ပြဿနာလေ။သူဒီလို ဖြစ်အောင်သူ့ဘာသာလုပ်တာပဲ။ ကိုယ်က မရှင်းပေးနိုင်ဘူး( ၁၀မှတ်နှုတ်)
သူ့အမှားကြောင့် ဒီလိုဒုက္ခရောက်တာမှန်ပေမဲ့ ဒီအတိုင်းတော့ ပစ်မထားနိုင်ဘူး။ကိုယ်လည်းဝိုင်းပြီး ဖြေရှင်းရမှာပဲ( ၁၀မှတ် ပေါင်း)
 
၃)အိမ်မှာ အားလပ်ချိန်ကို ဘယ်လိုကုန်စေလဲ-
 
ကိုယ့်အလုပ်ကိုယ်လုပ်ဖြစ်တယ်၊ TV ကြည့်တယ်၊သူနဲ့ သိပ်တောင် စကားမပြောဖြစ်ဘူး(၁၀ မှတ် နှုတ်)
သူနဲ့ အားလပ်ချိန်လေးရတုန်း ကြည်ကြည်နူးနူး နေဖြစ်တယ်(၁၀ မှတ်ပေါင်း)
 
၎)ကိုယ့် ခင်ပွန်း/ဇနီးဖြစ်သူရဲ့ မိသားစုကို အလေးထားတယ်-
 
သူတို့နဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ကိုယ့်ကို နှောင့်ယှက်နေတဲ့သူတွေလိုပဲမြင်တယ်(၁၀မှတ် နှုတ်)
သူတို့က ကိုယ့်မိသားစုလိုပဲ ခံစားရတယ်။သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံဖြစ်တယ်(၁၀မှတ် ပေါင်း)
 
၅)ကိုယ့်ဏ္ဍ စိတ်ညစ်နေတဲ့အခါ-
 
ကိုယ့်မှာလည်း လုပ်စရာ အလုပ်တွေ အများကြီးရှိနေတယ်။သူစိတ်ညစ်နေတာ သိပေမဲ့ ကိုယ့်အလုပ်တွေက ပိုအရေးကြီးနေသလိုပဲ။( ၁၀ မှတ်နှုတ်)
သူ့အတွက် ကိုယ်ပဲရှိတော့ သူစိတ်ညစ်ပြေအောင် တစ်နည်းနည်းနဲ့တော့ ကူညီပေးရမယ်။(၁၀ မှတ်ပေါင်း)
 
၆)အိမ်မှာ နေရတာ သာသာယာယာရှိအောင် လုပ်ထားသလား-
 
တစ်နေ့တစ်နေ့ လုပ်စရာတွေ များလို့ ပင်ပန်းနေတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ သာသာယာယာဖြစ်အောင် လုပ်မနေနိုင်ဘူး(၁၀ မှတ် နှုတ်)
ကိုယ့်မိသားစုအားလုံး နားခိုရာအိမ်လေးကို နေချင့်စဖွယ်ဖြစ်အောင် အချိန်လေးပေးပြီး ဖန်တီးလေ့ရှိတယ်(၁၀ မှတ် ပေါင်း)
 
၇)ကိုယ့်အိမ်ထောင်ဖက်ကို အမြဲ အပြစ်မြင်နေတတ်သလား-
 
ဟုတ်တယ် ။သူက အရမ်းပေါ့ပျက်ပျက်နိုင်တယ်။ တာဝန်ယူချင်စိတ်လည်း မရှိဘူး။ ဘာလုပ်လုပ် အဆင်မပြေဘူး( ၁၀မှတ် နှုတ်)
မလိုအပ်တဲ့ အသေးအဖွဲလေးတွေကြောင့် ပြဿနာမဖြစ်ချင်သလို သူ့ကိုလည်း စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး။နားလည်ပေးလို့ ရနိုင်သမျှ နားလည်ပေးလိုက်တယ်( ၁၀ မှတ်ပေါင်း)
 
၈)ကိုယ့်အိမ်ထောင်ဖက်ကို တခြားသူတွေနဲ့ နှိုင်းပြီးပြောဖြစ်လား-
 
ပြောဖြစ်တာပေါ့ ။ သူများတွေဆိုရင် ဘာလုပ်လုပ်အောင်မြင်အောင်လုပ်နိုင်တော့ သူလည်း အဲ့ဒီလို ဖြစ်သင့်တာပေါ့ (၁၀ မှတ်နှုတ်)
ပြောဖြစ်တာပေါ့ ။သူမို့လို့သာ ဒီအိမ်ထောင်ကို အဆင်ပြေအောင် ထိန်းနိုင်တာ။ သူများသာဆိုရင် ဘယ်လွယ်မလဲ။( ၁၀မှတ် ပေါင်း)
 
၉)သင့် အိမ်ထောင်ဖက်ကို ချစ်ကြောင်း ပြဖြစ်သလား-
 
သူ့ကို ချစ်လို့ယူထားတာသူသိတာပဲ။ ချစ်ပါတယ်ဆိုတာကို နေ့တိုင်းပြနေ ပြောနေဖို့ မလိုတာ။( ၁၀မှတ်နှုတ်)
ကိုယ့်ဆီက ဂရုတစိုက်နဲ့ သူ့ကို ချစ်နေသေးတယ်ဆိုတာကို သူသိရင် အရမ်းပျော်တာဆိုတော့ အမြဲ ဂရုစိုက်ပြီး ချုစ်ပြတတ်တုန်းပဲ( ၁၀မှတ် ပေါင်း)
 
၁၀)သူ့ဆီက ကိုယ်မျှော်လင့်တာလေးရတဲ့အခါ ဘယ်လိုတုန့်ပြန်တတ်သလဲ-
 
သူနဲ့ကိုယ်က လင်မယားပဲ ။သူဒီလို လုပ်ပေးဖို့ တာဝန်ရှိလို့ လုပ်ပေးတာပဲ။ဘာမှ ထူးထူးထွေထွေ ပြောနေဖို့မလိုပါဘူး။(၁၀မှတ် နှုတ်)
သူကိုယ့်ကို အလေးထားလို့သာ ဒီလို လုပ်ပေးတာပဲ။ကိုယ်ကလည်း ပြန်ပြီး အသိအမှတ်ပြုပေးမှ သူပျော်သွားမှာပေါ့( ၁၀ မှတ် ပေါင်း)
 
သင်တို့ရဲ့ အိမ်ထောင်ရေး စစ်တမ်းရမှတ် ၈၀ ကျော်ရင်တော့ အကောင်းဆုံး ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးပါ။ ရမှတ် ၄၀နဲ့ ၅၀ ကြားဆိုရင်တော့ သင်တို့ အိမ်ထောင်ရေးက လူးလွန့်နေတဲ့ သာမန် အိမ်ထောင်ရေးတစ်ခုပါ။
ရမှတ် ၄၀အောက်ဆိုရင်တော့ မကြာခင် ပျက်စီးတော့မယ့် လက္ခဏာဖြစ်တဲ့အတွက် အချိန်မီ ပြင်ဆင်သင့်တဲ့ အိမ်ထောင်ရေးဖြစ်ပါတယ်။
 
Ref:breezystorm
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.