ပိုးသားလွှာထပ်က သစ်သီးရဲ့ လတ်ဆတ်မှုကို တစ်ပတ်ကြာ ထိန်းသိမ်းပေးနိုင်

istock-000078818859-medium-1-736x414.jpg

ပိုးထည်က အကြမ်းခံဆုံး သဘာဝပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး fibroin လို့ခေါ်တဲ့ သူ့အထဲရှိ မပျော်ဝင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးက တခြားပစ္စည်းတွေကို ပုံမှန်အတိုင်းဖြစ်စေပြီး ကာကွယ်ပေးနိုင်ပါတယ်။ သုတေသီတွေ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ စတော်ဘယ်ရီသီးတွေ ပိုးသား fibroin protein ၁% ပျော်ရည်ထဲ နှစ်ပြီး လေပေါ်မှာ ရေနွေးငွေ့ပေးခဲ့ပါတယ်။

အဲဒီတော့ စတော်ဘယ်ရီသီးတွေ အရည်ရွန်းပြီး တင်းရင်းနေသေးအောင် အခန်းအပူချိန်မှာ တစ်ပတ်ကြာ သိမ်းထားနိုင်ပါတယ်။ တချိန်တည်းမှာပဲ စီမံထားခြင်းမရှိတဲ့ စတော်ဘယ်ရီသီးအပုံမှာတော့ အရေခန်းခြောက်ပြီး အရောင်ပြောင်းသွားပါတယ်။

Tufts University မှ သိပ္ပံပညာရှင်များက ပိုးသားအပေါ်ယံအလွှာက လေဝင်လေထွက်နှေးကွေးစေခြင်းဖြင့် သစ်သီးရဲ့ လတ်ဆတ်မှု အချိန်ကြာစေပါတယ်။ လေ့လာမှု ဦးစီးသူ Fiorenzo Omenetto က ပိုးသား fibroin အလွှာတွေဟာ စတော်ဘယ်ရီတွေ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင် စိမ့်ဝင်နိုင်မှု ပိုနည်းစေပါတယ်။ သစ်သီး ဆွေးမြေ့ပုပ်သိုးခြင်း သိသိသာသာ နှေးကွေးမှု ရှိတာ တွေ့ရပါတယ်။

ဒီစနစ်က ငှက်ပျောသီးမှာလည်း အလုပ်ဖြစ်ကြောင်း နောက်ဆက်တွဲလေ့လာမှုမှ တွေ့ရပါတယ်။ ယင်းပိုးသား အလွှာအထပ်မှာ အနံ့အသက်မရှိဘဲ အသီးရဲ့ အနံ့ကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အရသာပေါ်အကျိုးသက်ရောင်မှုများကိုတော့ မလေ့လာရသေးပါဘူး။ အချိန်မတန်သေးဘဲ ယိုယွင်းပျက်ဆီးမှုကြောင့် အစားအစာ ထောက်ပံ့မှုပေးရာမှာ ကမ္ဘာ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ထက်ဝက်ခန့် ဆုံးရှုံးခဲ့ကြောင်း United Nations ရဲ့ အဆိုအရ သိရပါတယ်။ 

Ref: Sky 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.