နွေရာသီနဲ့ သင့်တော်တဲ့ ရေမွှေး ရွေးချယ်မယ်ဆိုရင်

_32_1.jpg

အပူချိန်မြင့်တက်လာခြင်းနဲ့အတူ ကျွန်ုပ်တို့ ကိုယ်အနံ့အသက် ကင်းစင်ပြီး တတ်နိုင်သမျှ နှစ်လိုဖွယ် အနံ့အသက် ရှိနေဖို့ အရေးကြီးပါတယ်။ အနံ့ပြေပြေလေးနဲ့ စိတ်လန်းဆန်းစေတဲ့ ရေမွှေးတွေဟာ ယခုရာသီအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ယခုနွေရာသီအတွက် သင့်တော်မှန်ကန်တဲ့ ရေမွှေး ရွေးချယ်နည်းတချို့မှာ. . .

·         ပုံမှန်သုံးနေကျထက် ပိုပြယ်တာမျိုးဝယ်ပါ။ ရေမွှေးကို အနံ့ပိုပြယ်တယ် ဆိုတဲ့အဓိပ္ပါယ်ရှိတဲ့ "eau fresh" အမျိုးအစားအဖြစ် သတ်မှတ်၊ မသတ်မှတ် အရောင်းဝန်ထမ်းနဲ့ သေချာစစ်ဆေးကြည့်ပါ။

·         နွေရာသီသုံး ရေမွှေးလိုက်ရှာတဲ့အခါ သံပုရာမျိုးဝင်အသီး သို့မဟုတ် သစ်ဖြင့် အဓိကလုပ်ထားတဲ့ ရေမွှေးတွေက ကောင်းမွန်တဲ့ရွေးချယ်ချက်တွေ ဖြစ်ပါတယ်။ သံပုရာမျိုးဝင် အသီးဖြင့် အဓိက လုပ်ထားတဲ့ ရေမွှေးတွေက လန်းလန်းဆန်းဆန်းပိုဖြစ်စေပြီး သစ်အဓိကသုံးတဲ့ ရေမွှေးတွေဟာ အနံ့ပိုမိုကောင်းမွန် ကြာရှည်ခံပြီး အေးမြစေပါတယ်။

·         ရေမွှေးကို ဆိုင်အပြင်ဘက်မှာ စမ်းပါ။ ဆိုင်ထဲ စမ်းကြည့်တဲ့အခါ ရေမွှေးရဲ့ အနံ့အစစ်အမှန် မရပါဘူး။

·         ပူအိုက်တဲ့ ရာသီဥတုကြောင့် ကြာကြာပိုခံပြီး အနံ့မစူးရှတဲ့ single-note ရေမွှေးအမျိုးအစားများလည်း သုံးကြည့်နိုင်ပါတယ်။ လာဗင်ဒါ သို့မဟုတ် စံပယ်ပန်းလို ရနံ့မျိုး သုံးပါ။

·         စပျစ်သီး၊ စတော်ဘယ်ရီသီးနဲ့ သံပုရာသီးစတဲ့ သစ်သီးအနံ့မျိုးလည်း သုံးနိုင်ပါတယ်။

·         သင့်တော်မှန်ကန်တဲ့ ရေမွှေးဝယ်မယ်ဆိုရင် အချိန်ယူစဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ ချက်ချင်း မဝယ်ပါနဲ့ဦး။ လက်ကောက်ဝတ်မှာ စွတ်ပြီး လမ်းအနည်းငယ်လျှောက်ပါ။ အနံ့ကို ၄ မိနစ် ၅ မိနစ်ထိ ကြိုက်နေသေးတယ်ဆိုရင်တော့ ဝယ်လိုက်ပါ။

·         Brand ပြောင်းခြင်းရှောင်ပါ။ သင်ဟာ သီးသန့် brand တစ်ခုခု သုံးနေကျဆိုပါက အဲဒါလေးပဲ ဆွဲကိုင်ထားပါ။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.