လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတဲ့ Drake နဲ့ Rihanna

rtr2ikky.jpg
ပေါ့ပ် နဲ့ R&B အဆိုတော်မလေး ရီဟားနားဟာ “Work” ဆိုတဲ့ သီချင်းထဲမှာ Drake နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားမှုတွေကို ကြည့်ပြီး တစ်ချို့ က ဒီအဆိုတော် နှစ်ယောက်ရဲ့  ကြားက ပတ်သတ်မှုတွေကို သံသယ ရှိလာကြပါတယ်။
 
အခုတော့ အားလုံး သံသယရှိတဲ့ အတိုင်းပဲ Drake နဲ့ ရီဟားနားတို့ဟာ လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတာ လအနည်းငယ် ရှိနေပြီလို့ PEOPLE  သတင်းဌာနက ဖော်ပြထားပါတယ်။
 
သူတို့ နှစ်ယောက်နဲ့ ရင်းနှီးတဲ့သူတွေ ပြောပြထားတာကတော့ သူတို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့  အချစ်ရေးကို လျှို့ ဝှက်စွာနဲ့ပဲ ဆက်လက်ရှိနေစေချင်နေကြတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ထဲမှာလည်း လော့အိန်ဂျလိစ်က ဖျော်ဖြေပွဲတစ်ခုမှာ ရီဟားနားက Drake နဲ့ ချစ်ကြိုက်နေကြတဲ့ ပုံစံမျိုးနဲ့ ဖျော်ဖြေခဲ့တာကိုလည်း ပရိသတ်ထောင်ပေါင်း များစွာက မြင်တွေ့ခဲ့ကြရပါတယ်။
 
အခြား သတင်း အရင်းအမြစ်တစ်ဦးက ပြောပြခဲ့တာကတော့ သူတို့ နှစ်ယောက်ဟာ The Nice Guy ဆိုတဲ့ နိုက်ကလပ်တစ်ခုမှာ တစ်ညလုံး အတူတူတွဲကခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် သက်ဝင်နေတဲ့ ပုံမျိုးနဲ့ တွေ့ခဲ့ရတယ်လို့ PEOPLE သတင်းဌာန ကို ပြောပြလာပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.