ရယ်မောခြင်းဟာ အသက်ရှည်ခြင်းရဲ့  လျှို့ ဝှက်ချက်လို့ ဆိုလာတဲ့ အသက် ၁၁၁ နှစ်အရွယ် အဖွားအို

pay-fayikiye-soker.jpg
အသက် ၁၁၁ နှစ်ရှိနေပြီဖြစ်တဲ့ အဖွားအိုတစ်ဦးဟာ သူမရဲ့  အသက်ရှည်ခြင်း လျှို့ဝှက်ချက် အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒါကတော့ တတ်နိုင်သလောက် ရယ်မော နေဖို့ပဲ ဖြစ်ပါတယ်။ တူရကီ နိုင်ငံ တောင်ပိုင်းက Hatay ခရိုင်မှာရှိတဲ့ Samandag မြို့နားက ကျေးရွာမှာ နေထုင်တဲ့ Fayikiye Soker ဆိုသူ ထို အမျိုးသမီးဟာ တူရကီ နိုင်ငံရဲ့  အသက်အကြီးဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ မုဆိုးမ တစ်ယောက်ဖြစ်ပြီး မြေး ၁၂၀ ယောက် ရှိတယ်လို့လည်း သိရပါတယ်။
 
သူမဟာ ကျန်းမာတဲ့ လူနေမှု ပုံစံကို အမြဲတမ်း ဖန်တီးနေထိုင်လေ့ရှိ တာကြောင့် ဆရာဝန်နဲ့ ဘ၀မှာ တစ်ခါမှ သွားရောက်ပြသရခြင်း မရှိခဲ့ဘူးလို့လည်း သူမက ဆိုပါတယ်။ သူမရဲ့  မိသားစုဝင်တွေ ပြောပြခဲ့တာကတော့ သူမဟာ အမြဲတမ်း ဟာသ တွေပြောပြီး ရယ်မောနေလေ့ရှိတယ်ဆိုတာပါပဲ။
[[{“fid”:”16475″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
“လူငယ်လေးတွေအနေနဲ့ သူတို့ စားတဲ့သောက်တဲ့ အရာတွေအပေါ် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ကျွန်မလည်း ဂရုစိုက်ခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မ အသက်ရှည်နေတာပါ။ ဘုရားသခင် ကကျွန်မကို အသက်ရှည်တဲ့ ဘ၀ တစ်ခု ပေးခဲ့ပါတယ်။ လူတိုင်းကိုပေးပါစေလို့ပဲ ဆုတောင်းပါတယ်။ ဒီလို အသက်ရှည်ဖို့အတွက် လျှို့ ဝှက်ချက်ကတော့ ကျယ်လောင်စွာ ရယ်မောပေးဖို့ပါ” လို့ Fayikiye က ဆိုပါတယ်။
 
သူမဟာ ကလေး ၈ ယောက် မွေးဖွားခဲ့ပြီး မြေး အယောက် ၁၂၀ အထိ ပိုင်ဆိုင်ခဲ့သလို မြစ်တွေလည်း ရေတွက်ရ ခက်လောက်အောင် ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ သူမရဲ့  ခင်ပွန်းဖြစ်သူဟာ ၁၉၈၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် Fayikiye က သူမရဲ့  ချွေးမတော်စပ်သူ Feride Soker နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ Feride ကတော့ ၂၀၁၃ ခုနှစ်မှာ ခင်ပွန်းကွယ်လွန်ခဲ့ပြီးတဲ့နောက် Fayikiye ကို သူမရဲ့  မိခင်အရင်းလို သဘောထား ဆက်ဆံခဲ့တယ်လို့ ပြောပြလာပါတယ်။
 
သူမတို့ နေထိုင်တဲ့ Samandag မြို့ လေးဟာ တူရီကီနဲ့ ဆီးရီးယား နယ်စပ်မှာရှိပြီး Orontes မြစ်ရဲ့  နှုတ်ခမ်းဝ မှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။
 
Ref:mirror.co.uk
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.