ခွေးလေးတွေက သူတို့သခင်ရဲ့ နှလုံးခုန်သံနဲ့ တစ်ထပ်တည်းကျကြောင်း လေ့လာတွေ့ရှိ

dog-owner.jpg
လူနဲ့ အိမ်မွေးခွေးလေးတွေကြားက သံယောဇဉ် အရမ်းနက်ရှိုင်းလွန်းတဲ့အတွက် သူတို့ရဲ့ နှလုံးခုန်သံတွေ ထပ်တူကျတဲ့ အချိန်တွေရှိတယ်ဆိုတာကို သြစတြေးလျ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
 
သိပ္ပံပညာရှင်တွေက အိမ်မွေးခွေးလေးတွေကို သူတို့ရဲ့ သခင်တွေနဲ့ ခွဲထားပြီး နှလုံးခုန်သံကို စောင့်ကြည့်တိုင်းတာခဲ့ပါတယ် ။ပြီးတော့ သူတို့ကို ပြန်တွေ့ပေးတဲ့အခါမှာ နှလုံးခုန်သံ ဘယ်လိုရှိတယ်ဆိုတာကိုလည်း တိုင်းတာခဲ့ပါတယ်။
 
သူတို့ပြန်တွေ့တဲ့ အခါမှာနှလုံးခုန်နှုန်း သိသိသာသာ ကျသွားပြီး အချင်းချင်း အပြန်အလှန်ကြည့်နေတာကို တွေ့ရပါတယ်။ သူတို့အချင်းချင်းရဲ့ သံယောဇဉ်ကြောင့် နှလုံးခုန်နှုန်း တူညီနေတာက ထပ်တူကျလုနီးဖြစ်တဲ့အတွက် အရမ်းအံ့သြခဲ့ရပါတယ်လို့ သုတေသီ Mia Cobb ကပြောကြားခဲ့ပါတယ်။
 
ကျွန်တော်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူရှိတာက နှလုံးခုန်နှုန်းမြန်နေတာကို နိမ့်ကျစေနိုင်တယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် တကယ်ကောင်းတဲ့ အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။ဒီနေ့ခေတ်လို ရှုပ်ထွေးပြီး စိတ်ဖိစီးမှုများတဲ့ နေထိုင်မှု ပုံစံကြားမှာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်မယ့် အကြောင်းက အရမ်းကို အရေးပါပါတယ်။
 
ကိုယ့်အချစ်တော် ခွေးလေးတွေနဲ့ အတူ လမ်းလျှောက်ထွက်ပေးတာ ၊ချစ်ချစ်ခင်ခင်နဲ့ ဆော့ကစားပေးတာတွေက စိတ်ဖိစီးမှုကို ပြေပျောက်စေရုံမက နှလုံးအတွက်ပါကောင်းတယ်လို့ အမေရိကန် နှလုံး အဖွဲ့အစည်းက ပြုလုပ်တဲ့ နောက်ဆုံးသုတေသနမှာ တွေ့ရှိခဲ့ကြပါတယ်။
 
Ref:dailymail.co.uk
 
 
 
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.