နေရောင်ခြည်ကာကွယ်ဖို့ ဒီနည်းတွေ သုံးပေးဖို့ မဖြစ်မနေလိုအပ်

sun-beach-hat-products-1050x500.jpg

ခရမ်းလွန်ရောင်ခြည် (၂) မျိုးရှိပါတယ်။ UVA နဲ့ UVB ပါ။ အိုမင်းရင့်ရော်စေတဲ့ ရောင်ခြည်လို့ သိရတဲ့ UVA ရောင်ခြည်က အရွယ်မတိုင်မီ အရေပြားရင့်ရော်ခြင်း၊ အရေပြားတွန့်ခြင်း၊ အစင်းအကြောင်းနဲ့ အမည်းစက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားရေကို လောင်သွားစေတဲ့ရောင်ခြည်လို့ သိရတဲ့ UVB ရောင်ခြည်က နေလောင်ခြင်းတွေဖြစ်စေနိုင်ပြီး အရေပြားကင်ဆာများဆုံးဖြစ်စေတယ်လို့ သိရပါတယ်။ ယင်းခရီးလွန်ရောင်ခြည် နှစ်မျိုးစလုံးထိတွေ့မှု လျော့နည်းစေခြင်းက ဒါတွေကို ကာကွယ်တားဆီးပေးပါတယ်။

မှဲ့၊ တင်းတိပ်၊ အနီဖု သို့မဟုတ် အသားရောင်မတူခြင်း ဒါတွေ မကြာခဏ စစ်ဆေးခြင်းက သိပ်အရေးကြီးပါတယ်။ မိမိခန္ဓာကိုယ်ကို စစ်ဆေးခြင်း၊ နေပူခံလိမ်းဆေး လိမ်းခြယ်ခြင်းနဲ့ နေရောင်ခြည် ထိတွေ့မှု အတိုင်းအတာကို သိခြင်းဖြင့် အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ လျော့နည်းစေဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အရည်အသွေးရှိ အသားရေထိန်းသိမ်းပစ္စည်းများ အသုံးပြုခြင်းက အသားရေကျန်းမာခြင်းနဲ့ ငယ်ရွယ်နုပျိုတဲ့ ရုပ်အသွင်ကို ထိန်းသိမ်းပေးပါလိမ့်မယ်။

ကာကွယ်မယ့် နည်းလမ်းတွေမှာတော့. . .

၁။ SPF 30+ Broad spectrum လိမ်းပါ

၂။ အကာကွယ်ယူပါ

၃။ အရိပ်အာဝါသ ရှာဖွေပါ

၎။ လိမ်းပြီးရင်း ထပ်ထပ်လိမ်းပေးပါ

၅။ UV ကာ နေကာမျက်မှန်တပ်ပါ

၆။ အသားညိုအောင် သဘာဝအတိုင်း မဟုတ်တဲ့ နည်းတွေ မသုံးပါနဲ့။ 

Ref: www.lasersmoothsolutions.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.