အချစ်တော်ဟောင်းနဲ့ ပြန်တွဲနေပြန်တဲ့ Kristen Stewart

kristen-stewart-alicia-cargile-out-la-may-2016_1.jpg

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲဖြစ်သလို အကြောမာမာပုံမျိုးနဲ့ အမြဲတွေ့ရတဲ့ Twilight မင်းသမီး Kristen Stewart ဟာ မကြာသေးခင်က တွဲခဲ့တဲ့ သူမရဲ့ အချစ်တော် Soko နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး ခုတစ်ခါ Soko မတိုင်ခင် တွဲခဲ့တဲ့ အချစ်တော်ဟောင်း Alicia Cargile နဲ့ ပြန်တွဲနေတာ မြင်လိုက်ကြရပြန်ပါတယ်။ 

LA လမ်းမတစ်နေရာမှာ နှစ်ဦးသားယှဉ်တွဲလျှောက်နေကြတဲ့ Kristen Stewart နဲ့ Alicia တို့ဟာ စကားတပြောပြောနဲ့ ဟိုးအရင် Alicia တစ်ယောက် Kristen Stewart အတွက် လက်ထောက်မန်နေဂျာ လုပ်ပေးနေချိန်တုန်းပုံမျိုး ပြန်တွေ့မြင်ခဲ့ကြရတာပါ။ သူတို့နှစ်ယောက်ဟာ Kristen Stewart တစ်ယောက် Robert Pattinson နဲ့ လမ်းခွဲပြီးစအချိန်မှာ စတွဲခဲ့ကြသလို ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက လမ်းခွဲခဲ့ကြတာပါ။

အဲ့ဒီနော်ကမှာတော့ Twiligh မင်းသမီးဟာ ပြင်သစ်အဆိုတော် Soko နဲ့ တွဲခဲ့ပြီး ဒီလအစောပိုင်းက ပြတ်သွားကြတာလို့ သိရပါတယ်။ သူတို့ဘာ့ကြောင့်လမ်းခွဲခဲ့ကြသလဲဆိုတာ မသိပေမယ့် ကြည့်ရတာတော့ Kristen Stewart ဟာ အချစ်တော်ဟောင်း Alicia နဲ့ ပြန်တွဲတော့မယ့်ပုံပါပဲ။

Ref:popsugar

 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.