လူတွေ့အင်တာဗျုးမှာ အမြဲမေးလေ့ရှိတဲ့ မေးခွန်း ၂၅ ခု

job-interview-hiring-tips.jpg

အလုပ်အတွက် ရေးဖြေဖြေပြီးလို့ လူတွေ့အင်တာဗျူး မေးမြန်းတဲ့အခါ အမြဲမေးလေ့မေးထရှိတဲ့ မေးခွန်းမျိုးတွေ ရှိနေတတ်ပါတယ်။ အနာဂတ်မှာ သူတို့ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို ဆုံးဖြတ်ရွေးချယ်တဲ့အခါ ဒီလိုမေးခွန်းတွေကိုသာ သင် အကောင်းဆုံး ဖြေနိုင်မယ်ဆိုရင် သင့်အတွက် အခြေအနေကောင်းပြီပေါ့။ 

၁။ မင်းရဲ့ အားသာချက်က ဘာဖြစ်လိမ့်မလဲ။

၂။ မင်းရဲ့ အားနည်းချက်ကရော ဘာတွေများဖြစ်လိမ့်မလဲ။

၃။ နောက် ငါးနှစ် ဒါမှမဟုတ် နောက်ဆယ်နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်နေရာမှာ ဘာဖြစ်နေပြီ၊ ဘာတွေလုပ်နေပြီလို့ မြင်မိလဲ။

၎။ လက်ရှိအလုပ်က ဘာ့ကြောင့် ထွက်ခဲ့တာလဲ။

၅။ ဒီအလုပ်လာမလျှောက်ခင်နဲ့ ဟိုဘက်အလုပ်က ထွက်ပြီးကြားထဲ ဘာတွေများ လုပ်ဆောင်နေခဲ့သလဲ။

၆။ ဒီအလုပ်နဲ့ ပတ်သက်ပြီး အခြားတစ်ယောက်မလုပ်နိုင်တဲ့အရာ တစ်ခုခု သင်လုပ်ပြနိုင်မယ်လို့ ထင်လား။ ဘာများဖြစ်လိမ့်မလဲ။

၇။ အရင်က သင့်အထက်အရာရှိက သင်နဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေ ချီးမွမ်းလေ့ရှိလဲ။

၈။ ခရီးတွေဘာတွေထွက်ရတာ ကြိုက်သလား။

၉။ မင်းလုပ်ဆောင်ခဲ့တဲ့ အရာတွေထဲက မင်းကိုယ်မင်း အမြဲဂုဏ်ယူနေရတဲ့အရာတစ်ခုလောက် ပြောပြပါလား။

၁၀။ အမှားလုပ်ဖူးခဲ့တာမျိုးရှိရင် အဲ့ဒါနဲ့ ပတ်သက်ပြီး  ပြောပြပေးပါ။

၁၁။ မင်း အိပ်မက်မက်ခဲ့ရတဲ့ အလုပ်က ဘာများဖြစ်လိမ့်မလဲ။

၁၂။ ဒီကုမ္ပဏီမှာ အလုပ်ခေါ်နေတဲ့အကြောင်း ဘယ်လိုသိခဲ့တာလဲ။

၁၃။ မင်းအကြောင်းနည်းနည်းပြောပြပါဦး။

၁၄။ မင်းပညာရေးအကြောင်း ပြောပြပေးနိုင်မလား။

၁၅။ ခက်ခဲတဲ့အခြေအနေတစ်ခုကို ကိုယ်တွယ်ရတော့မယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ။

၁၆။ ကိုယ်တွေဘက်က ဘာ့ကြောင့်မင်းကို အလုပ်ခန့်သင့်သလဲဆိုတဲ့ အကြောင်းပြချက်လေး ပြောပါဦး။

၁၇။ အားလပ်ရက်တွေ၊ စနေ တနင်္ဂနွေမှာ အလုပ်လုပ်ပေးပါဆိုရင်ရော လုပ်ပေးနိုင်သလား။

၁၈။ လခဘယ်လောက် လိုချင်သလဲ။ ( အင်တာဗျူးမ ၀င်ခင် သေချာစဉ်းစားထားရမယ့်၊ အလုပ်နဲ့ပတ်သက်ပြီး နီးစပ်ရာကနေ နားစွင့်ထားရမယ့် အချက်ပါပဲ)

၁၉။ ဒီကုမ္ပဏီရဲ့ CEO နာမည်သိသလား။

၂၀။ သင်ဟာ ခေါင်းဆောင်ကောင်းလား၊ နောက်လိုက်တစ်ယောက်ပဲလား။

၂၁။ အရင်အလုပ်နဲ့ ခုအလုပ်ဘာတွေကွာခြားသွားမလဲ။ တာဝန်ယူရတဲ့အပိုင်းကရော ဘာတွေကွာသွားမလဲ။

၂၂။ မင်းရဲ့ ၀ါသနာကဘာလဲ။ နောက်ဆုံး ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်အကြောင်း ပြောပြပါလား။

၂၃။ တစ်ပတ်ကို နာရီ ၄၀ထက်ပိုပြီး အလုပ်လုပ်ဆို လုပ်နိုင်သလား။

၂၄။ခုချိန်ထိ မင်းကို မမေးရသေးတဲ့ မေးခွန်းမျိုး ရှိနေတယ်လို့ ခံစားမိလား။

၂၅။ မင်းအနေနဲ့ ပြန်မေးခွန်းထုတ်စရာ ဘာရှိသလဲ။

Ref:popsugar

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.