အိမ်နောက်ဖေးခြံမှာ ဘိန်းပင်စိုက်လို့ အဖမ်းခံရတဲ့ အမျိုးသား

13173843_1204447179596100_8731324504818729032_n.jpg

တရုတ်နိုင်ငံ Hunan ပြည်နယ် Loudi မှ အမျိုးသားတစ်ယောက်က Taolin ကျေးရွာရှိ သူ့အိမ်နောက်ဖေး ကွက်လပ်မှာ ဘိန်းပင်စိုက်ပျိုးနေကြောင်း ရဲတပ်ဖွဲ့ ရှာဖွေ့တွေ့ရှိပြီးတဲ့နောက်မှာတော့ ထိုအမျိုးသားကို ဖမ်းဆီးခံခဲ့ရပါတယ်။ ဘိန်းပင် ၂,၃၀၀ ခန့် ရဲတပ်ဖွဲ့သိမ်းယူခဲ့တယ်လို့ ဒေသတွင်း သတင်းတစ်ရပ်အရ သိရပါတယ်။

တရုတ်ပြည်မကြီးမှာ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဘိန်းပင် စိုက်ပျိုးခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။ တရုတ်ရာဇဝတ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၃၅၁) မှာ ဘိန်းပင် ၅၀၀ နဲ့အထက် နဲ့ ဘိန်းပင် သို့မဟုတ် ဆေးခြောက်ပင် ၃,၀၀၀ ထက်များတဲ့ စိုက်ပျိုးခြင်းဟာ ထောင်ဒဏ် ၅ နှစ်အထက်နဲ့ ဒဏ်ငွေ ကျခံသင့်ကြောင်း ပြဌာန်းထားပါတယ်။

ဒီနှစ်အစောပိုင်းက တရုတ် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှ နိုင်ငံတစ်ဝှမ်းရှိ စားသောက်ဆိုင် ၃၅ ဟာ သူတို့အစားအသောက်များထဲ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဘိန်းစေ့တွေ တရားမဝင် ထည့်သွင်းထားကြောင်း ဖော်ပြခဲ့ပါတယ်။ 

Ref: CCTVNews 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.