ကွန်ပျူတာမှာ processor တွေ RAM တွေ ဘယ်လို စစ်ဆေးမလဲ

52132173.jpg

ကွန်ပျူတာနည်းပညာရပ်မှာ မြန်ဆန်လှတဲ့ တိုးတက်ပြောင်းလဲမှုတွေရဲ့ ကျေးဇူးကြောင့် မျက်မှောက်ခေတ်ကွန်ပျူတာတွေဟာ ဟားဒ်ဝဲလ်ရော ဆော့ဖ်ဝဲလ် နှစ်ခုလုံး အလွန်အမင်း အားကောင်းလာခဲ့ပါတယ်။ ဟားဒ်ဝဲလ်အကြောင်း အဓိက ပြောရရင် ခုခေတ်ကွန်ပျူတာတွေဟာ multi-core processors မျိုးစုံ၊ RAM အလျှံပယ်နဲ့ terabytes ချီဆံ့ hard disk ပမာဏတွေ ရှိနေပါပြီ။

ကွန်ပျူတာရဲ့ Processor model ၊ RAM ပမာဏ စတဲ့ hardware ဆိုင်ရာ အခြေခံအချက်တွေ ကျွန်ုပ်တို့အများစု သိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ဟာ စူးစမ်းချင်စိတ်ပြင်းသူများထဲက ဖြစ်လို့ ကွန်ပျူတာတစ်ခုလုံးတည်ဆောက်ထားတဲ့ hardware နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ သိချင်ရင် ဘယ်လိုလုပ်မလဲ။

သိပ်ပြသနာမဟုတ်ပါ။ အဲဒီအတွက် Speccyက ကူညီပေးနိုင်ပါတယ်။ ပီစီကွန်ပျူတာတစ်လုံးရဲ့ hardware ပိုင်းနဲ့ပတ်သက်သမျှ အသေးစိတ်အလက်အချက်တွေ ဖော်ပြပေးနိုင်သော အသုံးတည့်တဲ့ အရာလေးဖြစ်ပါတယ်။

CPU core count and architecture, RAM, graphics chipset, connected peripherals, real-time network speed စသဖြင့် ပါဝင်ပါတယ်။ ဒါတင်မက Speccy အနေနဲ့ installation date, serial key, battery charge, list of processes နဲ့ system folders ကဲ့သို့ ကွန်ပျူတာမှာ install လုပ်ထားတဲ့ OS အကြောင်း အဓိကအသေးစိတ်အချက်အလက်တွေလည်း ဖော်ပြပေးပါတယ်။

Speccy ဟာ သေးငယ်ပေါ့ပါးတဲ့ application လေးတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန် configuration, setup ဒါတွေ ထပ်မလိုတော့ပါဘူး။ လုပ်ဆောင်ရမှာက ယင်း software ကို run ပြီး ကွန်ပျူတာရဲ့ hardware နဲ့ software အသေးစိတ်အချက်အလက်တွေ scan ဖတ်နေစဉ် ၁ မိနစ် ၂ မိနစ်လေး စောင့်ပေးရုံသာ ဖြစ်ပါတယ်။

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.