မေလ ၁၀ ရက်နေ့ စတင်ဖြန့်ချိမယ့် Xiaomi Mi Max ဖုန်းအကြောင်း သိချင်တယ်ဆိုရင်

xiaomimimax_big1.jpg

မေလ ၁၀ ရက်နေ့ စတင်ဖြန့်ချိဖို့ သတ်မှတ်ထားတဲ့ Xiaomi Mi Max ဟာ တရုတ်နိုင်ငံရဲ့ Tenaa certification authority ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး ဓာတ်ပုံနဲ့ အတွင်းပိုင်းအပြင်အဆင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Xiaomi အနေဖြင့် အစောပိုင်းက သူ့ရဲ့ Weibo page ပေါ်မှာ Mi Max အကြောင်း တစေ့တစောင်း ဖော်ပြခဲ့ပါတယ်။ အခုတော့ ၆.၄ လက်မမျက်နှာပြင် စမတ်ဖုန်းနဲ့ တက်ပ်လက်ပုံစံနှစ်မျိုးရောphablet  ဒီဇိုင်းအသွင်အပြင် ဖြစ်လာမယ့်ပုံရပါတယ်။ ဒါပေမယ့် ဓာတ်ပုံအရ ဂျင်းဘောင်းဘီအိတ်ကပ်နဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Xiaomi ရဲ့ Mi Max ဓာတ်ပုံတွေကို Weibo သုံးစွဲသူတစ်ယောက်ဆီက ပထမဆုံးသတိထားမိပြီး Tech Update မှ သတင်းရေးသားဖော်ပြခဲ့ပါတယ်။ ယင်းဓာတ်ပုံတွေထဲမှာ ရွှေရောင်မူကွဲပုံစံ ဖော်ပြထားပါတယ်။ နောက် Mi Max မှာ Mi 5 နဲ့အလားတူညီစွာဖြင့် 3D ဖန်သားဒီဇိုင်းဖြင့် သတ္တုကိုယ်ထည် အသွင်အပြင် ရှိနေပါတယ်။ ကင်မရာနဲ့ flash မီးကို နောက်ကျော ဘယ်ဘက်အပေါ်ထောင့်စွန်းမှာ ထားရှိပြီး လက်ဗွေစကင်နာကို ခလယ်မှာ တွေ့နိုင်ပါတယ်။

တခြား ဒီဇိုင်းအပြင်အဆင်တွေထဲမှာ Qualcomm Snapdragon 650 processor၊  16 megapixel primary camera နဲ့ 5 megapixel ရှေ့ကင်မရာ တစ်ခု ပါဝင်ပါတယ်။ Xiaomi အနေနဲ့ ယင်း phablet ကို 2GB RAM + 16GB ROM နဲ့ 3GB RAM + 32GB ROM မူကွဲနှစ်မျိုးနဲ့ ထုတ်လုပ်ဖြန့်ဖြူးဖို့ မျှော်လင့်ထားပါတယ်။

Xiaomi Mi Max ဟာ 4G LTE support၊ WiFi နဲ့ Bluetooth 4.1 နဲ့ ဖြစ်လာမှာပါ။ 4000 mAh ဘက်ထရီအကြီးစား ထည့်သွင်းထားပြီး သတင်းဖော်ပြချက်အရ Xiaomi Mi Max ဟာ ယွမ် ၁၂၉၉ (၂၃၄,၀၀၀ ကျပ်) ကျသင့်နိုင်ကြောင်း သိရပါတယ်။ 

Ref: Indiaexpress 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.