ဖေ့စ်ဘွတ်မှာ ကိုယ် Like ပေးခဲ့တဲ့ ဓာတ်ပုံမှန်သမျှ တစ်နေရာတည်း ကြည့်ချင်ရင်

facebook_main_2843283a.jpg

အရင်ဓာတ်ပုံဟောင်းတွေ ပြန်လည်ရှာဖွေတူးဆွရတာ စိတ်မကောင်းစရာ၊ အရှက်ရစရာတွေ ရှိနိုင်ပေမယ့် တခစ်ခစ်ရယ်မောခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒီစိတ်ဝင်စားဖွယ် function လုပ်ဆောင်ချက်လေးက မေ့ပြီးသွားတဲ့ ပုံတွေ ပြန်လည်ဖော်ထုတ်ပေးရုံမက အဆက်အသွယ် ပြတ်သွားတဲ့ social contact တွေကို အမှတ်ရစေပါတယ်။

မိမိဓာတ်ပုံ like history ရှာဖွေရတာ search bar ထဲမှာ "Photos that I like" သို့မဟုတ် "Photos liked by me" ရိုက်ထည့်ရုံလောက်တော့ ပိုမလွယ်နိုင်ပါဘူး။

အံ့သြစရာကောင်းတာက အွန်လိုင်းသူလျိုလုပ်ငန်း ဆောင်ရွက်ချင်ရင် ကိုယ့် friend တွေ မကြာသေးမီ like ပေးထားတဲ့ ပုံတွေတောင် ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လုပ်ရမှာလေးက Photos liked by (နာမည်ရိုက်ထည့်) စကားစုလေးနဲ့ ရိုက်ရှာရုံပဲ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ရဲ့ ထိန်ချန်ထားတဲ့ functions တွေ အွန်လိုင်းပေါ် ပျံ့နှံ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

ကျန်ခဲ့တဲ့လက Facebook Messenger ဟာ ၄င်းရဲ့ inbox messages တွေ ပြောင်းလဲခဲ့ပါတယ်။ ကိုယ်မသိတဲ့ messages တွေဖြင့် ပြည့်နေတဲ့ Other folder တစ်ခု ရှိနေနိုင်တဲ့ သဘောဖြစ်တယ်။

အရင်က မိမိကနေ messages တွေ မဖွင့်မချင်း ထားရှိပေးထားပေမယ့် အခုအချိန်မှာတော့ ဖေ့စ်ဘွတ် friend မဟုတ်တဲ့သူတွေဆီက text တွေ ဖွင့်မကြည့်သေးပါက app ကနေ အသိပေးပါလိမ့်မယ်။

ဒါပေမယ့် update အသစ်မလုပ်သေးခင်အထိ app အနေနဲ့ ဒီ messages သစ်တွေ အသိပေးမှာ မဟုတ်ပါဘူး။ ဒီတော့ မိမိမသိသေးတဲ့ messages တွေဖြင့် ပြည့်နေတဲ့ inbox တစ်ခုရှိနိုင်ခြေအလားအလာရှိတယ်။

ဖေ့စ်ဘွတ် friend မဟုတ်သူ တစ်ယောက်ယောက်ဆီက message မဝင်ဘူးဆိုရင်တော့ အဲဒီ Other folder ရှာဖို့တော့ ခက်ခဲ နိုင်ပါတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.