လက်ထပ်ပြီးလေးနှစ်အကြာမှာ အဆိုတော်/သရုပ်ဆောင် Hilary Duff ဟာသူမရဲ့ခင်ပွန်း Mike Comrie နဲ့ကွာရှင်းပြတ်ဆဲခဲ့ပါပြီ။
အသက် ၂၆ နှစ်အရွယ်ငွေကြယ်ပွင့်ဟာ ၃၃ နှစ်အရွယ်အငြိမ်းစားအားကစားသမားနဲ့ ၂၀၁၀ သြဂုတ်လမှာလက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တစ်ဦးထဲသောသား Luca ကို ၂၀၁၂ ခုနှစ် မတ်လမှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။
“ငြိမ်းချမ်းတဲ့ ခွဲခွာခြင်းတစ်ခုဖြစ်လာဖို့ သူတို့အပြန်အလှန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူတို့ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေဦးမှာဖြစ်ပြီး တစ်ယောက်ရဲ့ဘ၀ထဲမှာ တစ်ယောက် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ သူတို့ရဲ့ သားလိမ္မာလေးကို ချစ်ခင်ပြီး ထိန်းကျောင်းဖို့သူတို့ စိတ်ဆုံးဖြတ်ထားတာဖြစ်ပြီးတော့ အခုအချိန်မှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိုလျှို့ဝှက်ထားပေးဖို့တောင်းဆိုထားပါတယ်” လို့ Deff ရဲ့ ကိုယ်စားလှယ်ကပြောပါတယ်။
Ref:starpulse
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။