Johnson & Johnson က သူ့ရဲ့ ကလေးသုံး ထုတ်ကုန်ပစ္စည်းတွေမှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်ဟု ဝန်ခံ

76351cad-3cf9-4bf0-8c2b-12b1ae791a90.jpg
ကလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုက အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရမ်းဂရုစိုက်ကြပြီး နောက်ပိုင်း ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေနိုင်တဲ့ အရာမှန်သမျှ ရှောင်ကြပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်များနဲ့ ထိတွေ့မှုလျော့ချပြီး ဆေးလိပ်ခိုးငွေ့ကနေတောင် ကာကွယ်မှု လုပ်ကြပါတယ်။ 
 
ဒါပေမယ့် ကလေးငယ်တွေရဲ့ အသုံးပြုပစ္စည်းတွေ ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်တဲ့ Johnson & Johnson က ကျန်းမာရေးအကျိုးမပြုဘဲ ပြင်းထန်တဲ့ ပြသနာတွေဖြစ်စေနိုင်တဲ့ ပစ္စည်းများစွာ အသုံးပြုပါတယ်။  ဆိုရရင် ကလေးတွေရဲ့ကိုယ်ခံအားက အင်မတန် နုနယ်ပါတယ်။ ကလေးကို သဘာဝမဟုတ်တဲ့ လူလုပ်ပစ္စည်းနဲ့ အဆိပ်အတောက်တွေ မြင့်မားတဲ့ ရေချိုးကန်ထဲထားပါက ကျန်းမာရေးချို့တဲ့ခြင်း၊ အလိုအလျောက် ကိုယ်ခံအားပြသနာနဲ့ နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ 
 
ဒီ့အပြင် Johnson & Johnson ရဲ့ ထုတ်ကုန်တွေဟာ ကလေးငယ်များရဲ့ ကိုယ်ခံအားကို စိန်ခေါ်နေပါတယ်။ သူတို့ရဲ့ နူးညံ့တဲ့အရေပြားကို ကျိန်းစပ်စေတယ်။ ကိုယ်ခံစား ပြန်လည်တုံ့ပြန်မှု လွန်ကဲပြီး ကိုယ်ခံအားစနစ် အားနည်းစေကာ နောက်ပိုင်း ရောဂါဘယတွေနဲ့ ကင်ဆာဖြစ်ပွားစေတဲ့ ရောဂါတွေ ဖြစ်လာစေတတ်ပါတယ်။  အဲဒီထုတ်ကုန်ပေါ်က ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါက နာမည်တောင် မှန်အောင် အသံထွက်လို့မရတဲ့ ပစ္စည်းအထူးအဆန်းတွေ အရမ်းများတာ တွေ့ပါလိမ့်မယ်။ 
 
Johnson & Johnson မှ ထုတ်လုပ်တဲ့ ကလေးခေါင်းလျှော်ရည်မှာ Quaternium-15 ခေါ် အင်မတန်အန္တရာယ်များသော ကင်ဆာရောဂါ ဖြစ်စေတဲ့ ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ဒီစက်ရုံထုတ် ပစ္စည်းတွေမှာ 14-dioxane ခေါ် နောက်အဆိပ်အတောက်တစ်ခုလည်း ပါဝင်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ ပြောဆိုချက်အရ ဒီအဆိပ်အတောက်မှာ မူးဝေခြင်း၊ အရေပြားကျိန်းစပ်ခြင်း၊ အသည်းပျက်စီးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အိပ်ငိုက်တာတွေ ဖြစ်စေကြောင်း သိရပါတယ်။ 
 
နောက်ဆုံးတော့ Johnson & Johnson က ဒါကို ဝန်ခံပြီး အမေရိကမှာ ရောင်းချထားတဲ့ သူတို့ထုတ်ကုန်ပစ္စည်းတွေ ပြန်ရုတ်သိမ်းရေး ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် ဘယ်လောက်ကြာမလဲ ဘယ်သူမှ မသိနိုင်ပါ။  ဒါကြောင့် Johnson & Johnson ရဲ့ ကလေးသုံး ထုတ်ကုန်တွေမှာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ပါဝင်ပစ္စည်းတွေ သိပြီးတဲ့နောက် ကျန်းမာရေးနဲ့ ပိုမိုညီညွတ် ဘေးကင်းလုံခြုံတဲ့ ပစ္စည်းများ အစားထိုးသင့်ပါတယ်။ 
 
Ref:healthyfoodhouse
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.