ကလေးတွေရဲ့ ပါးစပ်ကို ခွေးတွေ လျှာဖြင့် လျက်တာမျိုး လုံးဝခွင့်မပြုသင့်

bbsavji.jpg

မိမိအချစ်တော်ခွေးနဲ့ ကလေး အရမ်းနီးကပ်စွာ နေလွန်းပါက အမြန်ဆုံး တားမြစ်ပါ။ ရောဂါပိုးမွှားဆိုတာ ထည့်စဉ်းစားရမယ့်အရာဖြစ်တဲ့အပြင် ကလေးကို လျှာနဲ့လျက် နမ်းကာ ချစ်ခင်မှုပြသခြင်းအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သိထားဖို့ အချက်တွေ ရှိနေပါတယ်။

DogNotebook.com အရ ခွေးအများစုဟာ လူ့မျက်နှာကို လျှာဖြင့်လျက်ပြီး ပျော်ရွှင်တဲ့ အမူအရာပြနေချိန်မှာ တခြားခွေးတွေကျတော့ လူဆီက တုံ့ပြန်မှုရဖို့ အဲ့ဒီလို လုပ်တတ်ကြပါတယ်။ ဒီလို ကိုယ့်ကို ဂရုစိုက်မှုပြဖို့ အမူအရာဟာ ခွေးမှာ သြဇာအာဏာရှိတဲ့ လက္ခဏာတစ်ရပ် လို့ သိရပါတယ်။ 

လူုကြီးတွေကို ခုလို လျက်တာမျိုးက ကိစ္စသိပ်မရှိပေမယ့် ခွေးတွေက သင့်ကလေးမျက်နှာကို လျှာနဲ့ အတင်းလျက်တာတွေ့နေပြီဆိုရင်တော့ ခွင့်မပြုသင့်တဲ့ အချက် (၂) ချက်ရှိပါတယ်။ ရောဂါပိုးမွှားနဲ့ ကလေးအပေါ် အနိုင်ယူဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ လူအမြောက်အများက သူတို့ခွေးတွေကို ကြက်သားစိမ်း စတဲ့ အစာစိမ်းပဲ ကျွေးကြပါတယ်။ ဒါက ခွေးကို အစာအဆိပ်သင့်စေတဲ့ပိုး အန္တရာယ်ဖြစ်စေပြီး လူရဲ့ ပါးစပ်နဲ့ ထိတွေ့ပါက အဲဒီလူဟာ ရောဂါကူးစက်မှုအန္တရာယ် ကျရောက်စေပါတယ်။

ခွေးတွေဟာ အညစ်အကြေးသန့်စင်အောင် သူတို့လျှာနဲ့ လျက်ကြတာမို့ သူတို့လျှာဟာ အိမ်သာသုံးစက္ကူပင် ဖြစ်ပါတယ်။ လျှာမှာ ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားမျိုးစုံ ပါဝင်ပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးမွှားအများစုက antibiotic များစွာ ခုခံတိုက်ခိုက်နိုင်ပါတယ်။ ဒီအရာတွေနဲ့ထိတွေ့ခြင်းဖြင့် ခံတွင်းနဲ့ သွားဖုံး ရောဂါကူးစက်မှုဖြစ်စေနိုင်ကြောင်း လေ့လာချက်များက အတည်ပြုထားပါတယ်။

ဒါ့ကြောင့် အချစ်တော် ခွေးတွေဟာ ကလေးတွေရဲ့သခင် သို့မဟုတ် ကစားဖော်မဟုတ်ကြောင်း သဘောပေါက်ဖို့ အရေးကြီးပါတယ်။ 

Ref: MSN 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.