သင့်ဆံပင် ဗောက်လုံးဝ ပြန်မထစေဖို့ ဒီနည်းလမ်းက ကူညီပေးနိုင်

ac10f863d47411f73a8a787a8b9db082.png

အလှအပဆိုင်ရာ ဘလော့ဂါ Farah Dhukai ဆိုသူက ပလုတ်ကျင်းဆေးရည်တစ်ခုခု (သို့) Listerine အသုံးပြုပြီး ဗောက်ပြသနာဖြေရှင်းပေးမယ့် ထူးဆန်းတဲ့ ဆံပင်ဗောက်ပျောက်ရေး နည်းလမ်းတစ်ခုကို အကြံရရှိခဲ့ပါတယ်။

သူမ Instagram ထဲမှာ Listerine နဲ့ ရေရောပြီး ဦးရေပြားကို တိုက်ရိုက်လိမ်းပြထားတဲ့ ဗီဒီယိုအတိုလေးတစ်ခု တင်ခဲ့ပါတယ်။ ဒီဖြေရှင်းနည်းက ဦးရေပြားကို စပ်ဖျဉ်း၊ အေးမြ၊ လန်းဆန်း စေကြောင်း ရှင်းပြထားပါတယ်။

ဒီပလုတ်ကျင်းဆေးရည်မှာ မှိုမတက်အောင် ကာကွယ်ဆေး၊ ပိုးသတ်ဆေးနဲ့ နာကျင်ရောင်ရမ်းမှု ကာကွယ်ပေးတဲ့ အာနိသင်ရှိ menthol၊ thymol နဲ့ methyl salicylate တွေပါရှိပြီး ယားယံကျိန်းစပ်ခြင်း သက်သာကာ ဗောက်တွေ ဖယ်ရှားပေးခြင်းအတွက် အလွန်ကောင်းပါတယ်။

Listerine ကဲ့သို့ ပလုတ်ကျင်းဆေးရည်က ဗောက်ဖြေရှင်းကုသရာမှာ တကယ်အသုံးဝင်ကြောင်း Philip Kingsley က ဆံပင်နဲ့ဦးရေပြားအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Carole Michaelides က The Huffington Post ကို ပြောပြခဲ့ပါတယ်။ 

Ref: Yahoo 

642 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.