ကမ္ဘာဂြိုဟ်နဲ့ ဆင်တူတဲ့ ဂြိုဟ် ၃ လုံးကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

13151721_1047163591999846_6032678990895387665_n.jpg

Nature Journal မှ ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ ကမ္ဘာဂြိုဟ်နဲ့ ဆင်တူတဲ့ ဂြိုဟ်တွေဟာ အင်မတန်အေးခဲ သေးငယ်တဲ့ နေ (star) တစ်စင်းကို နောက်နေအဖွဲ့အစည်းတစ်ခုမှာ အလင်းနှစ် ၄၀ အကွာအဝေးကနေ ပတ်နေတယ်လို့ သိရပါတယ်။ TRAPPIST 1 လို့ နာမည်ပေးထားတဲ့ ယင်းသေးငယ်တဲ့နေမှာ နေ (Sun) ရဲ့ အပူချိန်ထက်ဝက်နဲ့ ထုထည်ပမာဏ ဆယ်ပုံတစ်ပုံ ရှိပါတယ်။

Belgium နိုင်ငံ University of Liege မှ သုတေသီ Michael Gillon က ယင်းလေ့လာမှုမှာ လိုအပ်တဲ့ စက်ကိရိယာ မတပ်ဆင်မီအထိ နေ (star) သေးသေးလေးတွေကို မျက်စိလျှမ်းခဲ့ပါတယ်။ ၆၂ ညအတွင်း ကမ္ဘာဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေးငယ်တဲ့နေနဲ့ ဂြိုဟ်တွေရဲ့ နီးစပ်မှုကို ထောက်ကြည့်ရင် အဲဒီဂြိုဟ်တွေဟာ ကမ္ဘာဂြိုဟ် နေ (Sun) ကနေ ရရှိတဲ့ အပူ၊ ရောင်ခြည်ပမာဏ ၄ ဆ ရရှိပါတယ်။

ယင်းဂြိုဟ်တွေမှာ ရေ (သို့) methane molecules တွေ ရှိမရှိ သိဖို့ သုတေသနပညာရှင်တွေ စူးစမ်းလေ့လာလျက်ရှိနေပါတယ်။ ကမ္ဘာဂြိုဟ်ပေါ်က လက်ရှိနည်းပညာနဲ့ စူးစမ်းလေ့လာရေး ခရီးဟာ နှစ်နဲ့ချီ ကြာမှာဖြစ်ကြောင်း သိရပါတယ်။  

Ref: CCTV-Africa 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.